Chapter(30.2)

371 65 1
                                    

Chapter(30)ကိုယ့်ကယ်တင်ရှင်(၂)

တစ်ချိန်ထဲမှာဘဲ အမှတ်(၆၃)ပေရန်လမ်းတွင်...

ဟောင်းနွမ်းနေသည့်ခုနစ်လွှာအဆောက်အအုံတစ်ခုတွင် ဓာတ်လှေကားမရှိ အလင်းရောင်မရှိဘဲ လျှောက်လမ်းတစ်လျှောက်မဲမှောင်နေပြီး ဘာကိုမှမမြင်နိုင်ဘူး။အဲဒီမှာဆိုရင် မင်းကိုမင်းတောင် မျက်မမြင်တစ်ယောက်လို့ သံသယရှိနိုင်သည်။ကုန်းဝမ်လင်းသည် ဘာကိုမှခံစားရပုံမပေါ်ဘဲ လှေကားထစ်တွေအတိုင်း ဆက်လျှောက်လာသည်။

သူ့နောက်ကလိုက်လာသည့် ရှန့်ကျွင်းသည် သူနှင့်အတူ တတိယထပ်ကိုလိုက်ပါလာပြီး ဘာပြသနာမှမရှိပေမဲ့ ခွေးချေးနံတွေနှင့်အမျိုးမျိုးသောအမှိုက်သရိုက်တွေ ဝန်းရံခံနေရတာက သူ့ကိုခေါင်းကိုက်လာစေတာကြောင့် စတုတ္ထထပ်ကိုသွားလိုက်သည်။အပေါ်ထပ်ကိုရောက်တာနှင့် သူက နောက်ဆုံးမှာတော့ မနေနိုင်တော့ဘဲ ပြောလိုက်တယ် "မင်း ဒီလိုနေရာမျိုးမှာနေတာလား?"

ကုန်းဝမ်လင်းသည် သော့ကွင်းကိုလှန်လိုက်ပြီး "မိုးလုံလေလုံရင် ကောင်းတာမဟုတ်ဘူးလား?ဒါက နေရာကောင်းမဟုတ်ရင် မင်းပြန်လို့ရတယ်?ဒီထက်အဆတစ်ရာလောက်ဆိုးတဲ့ ပတ်ဝန်းကျင်မှာနေခဲ့ရလို့ ဒါက ဘာမှမဟုတ်ဘူး။ငါ ဘာမှခံစားနေမှာမဟုတ်ဘူး"

အမှောင်ထဲတွင် ရှန်းကျွင်းက မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောခဲ့ဘူး။

ခုနစ်လွှာကို နောက်ဆုံးတော့ သူတို့ရောက်သွားပြီး ကုန်းဝမ်လင်းက သော့တံကိုသော့ပေါက်ထဲထည့်ပြီး မလှည့်လိုက်ခင် လှည့်ပြီးမေးလိုက်တယ် "မင်းတကယ်ဘဲ ဟိုတယ်မှာမနေဘူးလား?"

ရှန်းကျွင်းက စကားတစ်ခွန်းမှမပြောလာဘူး။

ကုန်းဝမ်လင်းက စိတ်မဝင်စားဟန် ပခုံးတွန့်လိုက်ပြီး တံခါးဖွင့်ပြီးနောက် အဝင်ဝက မီးကိုဖွင့်လိုက်သည်နှင့် ချက်ချင်းပင် အခန်းထဲကို နွေးထွေးသည့်အလင်းရောင်က ဝန်းရံထားလိုက်သည်။သူတို့နှစ်ဦးသည် အလင်းရောင်ကိုကျင့်သားရအောင် ခဏသာ မျက်လုံးမှိတ်လိုက်ပြီးနောက် သူတို့မျက်လုံးတွေက တစ်ပြိုင်နက်ဆိုသလို ဖွင့်လာခဲ့သည်။ကုန်းဝမ်လင်း ပထမဆုံးသတိပြုမိတာက တခွမ်းဖြစ်နေချိန်မှာ ရှန်းကျွင်း သတိပြုမိတာကတော့ ညစ်ပေနေသည့်အဝတ်အစားတွေ အနံဆိုးထွက်နေသည့်ခြေအိတ်တွေ ဘီယာဘူးခွံတွေနှင့် အသင့်စားခေါက်ဆွဲတွေ.....

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now