🎶Long time ago...ဒဏ္ဍာရီ ဇာတ်လမ်းမဟု တကယ်အဖစ်အပျက်မျိူး...ရာဇဝင်တွေမှာပြောကြတဲ့...ရာမနဲ့ သီတာတို့ နှစ်ဦးကြားထဲ ဝင်ရှုပ်တဲ့...သူကို ကျနော် အရမ်းသနားတယ်.......
But they don't known....🎶ကျောင်းကပြန်ရောက်တော့...
ဒသ သီချင်းလေး ကို နားထောင်ရင်း...အဝတ်တွေကို မီးပူတိုက်ရပြန်တယ်...သီချင်းအေးအေးလေးတွေ
နားထောင်မယ်လို့တွေးထားပေမယ့်...
ဝါကျွတ်ပီးနောက်ပိုင်း...မဂ်လာပွဲတွေကလဲ
ခိုင် တို့ ပတ်ဝန်းကျင်နားမှာ တစ်ပွဲပီးတစ်ပွဲပါဘဲ.......ခုလဲ အဆောင်ရှေ့မှာ ရှိနေပြန်ပီ...
အမြင်ကပ်ချင်စရာကြီးနော်...(😁)အဲ့လို မဂ်လာပွဲတွေ မြင်တိုင်း...အချစ်ဦးကိုသတိရမိတာလဲ ခိုင် တစ်ယောက်ဘဲ ရှိမယ်ထင်တယ်...
သူများတွေလို ချစ်လျက်နဲ့ ဝေးခဲ့ကြသလား
ဒါမှ မဟုတ်...နားလည်မှုလွဲပီး ရန်ဖစ်ပြတ်စဲခဲ့ကြလို့လားလို့ မေးလာခဲ့ရင်...
ခိုင် ကတော့ 'ဟင့်အင်း' လို့ဖြေမိမယ်ထင်တယ်..." 🎶ဒီလို မလုပ်ပါနဲ့....ငါအပေါ်ရံမှာကျောလဲ
အသဲမှာဒဏ်ချက်တွေနဲ့...မမြင်ချင်ဟန်ဆောင်ထားလဲ သိမှာပါ...အချစ်တွေရယ်.....ဒီရင်ထဲ ဝင်ကြည့်လှည့်.... ငါ့အသက်
ငါ့ဘဝကို အကုန်ပေးအပ်ထားတယ်...
ငါရင်ကွဲမှာဘဲ........ဒီနှောင်ကြိူး......🎶 "အော်...ဆွေးနေပီဆိုရင် လာပီ အရှုပ်တွေ...
သီချင်းလေး ညင်းနေတုန်းမှာဘဲ...
ခိုင့် ဖုန်းဝင်သံလေးက အချက်ပေးလာခဲ့သည်....
ကြည့်လိုက်တော့ ဖုန်းနံပတ်အသစ်ဖစ်နေသည်
သူစိမ်းတစ်ယောက် ဖုန်းခေါ်တာက
ခိုင့်အတွက် အထူးအဆန်းဖစ်စေတာအမှန်
အနေအေးတာကြောင့်လို့ဘဲပြောရမလား....
အပေါင်းအသင်းက မရှိသလောက်...
ပထမ နှစ်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေဆိုလို့....
ဝေ နဲ့ ယမှုံ တို့နှစ်ယောက်ဘဲရှိသည်..." ဟဲလို....."
"............"
"ဟဲလို...."
ခေါ်တုန်းကခေါ်ပီး ဘာမှလဲ မပြောဘူး...
ကျမ ကို crush တဲ့သူတွေ ဆက်ရအောင်လဲ
အနေအေးလို့ထင်ပါတယ်...မြင်ရင်...
တီချယ်နဲ့တူတယ်ဆိုပီး ခပ်ဝေးဝေးက ရှောင်သွားကြတဲ့ သူတွေဘဲရှိတယ်....
YOU ARE READING
ချစ်ရတဲ့ "ခိုင်❤"
Romansaခိုင့် ကိုမှ ရူးရူးမူးမူးချစ်မိတော့.... မေ...သဝန်တိုတာလေးတွေ ဗွေမယူပါနဲ့.....ခိုင်❤ မေသုသရာ❤ မိန်းခလေးတစ်ယောက်ကို...ဒီလောက်ထိ ချစ်သွားလိုက်မယ်လို့...တကယ်မထင်ထားခဲ့တာ...🍎❤ ...