Part 6❤

23 1 0
                                    

ကျောင်းဝန်းထဲ ဝင်လာကတည်းက
လူက ယောင်လည်လည်ဖစ်နေသည်...
သူငယ်ချင်းမိတ်ဆွေလဲ မရှိသေးတဲ အချိန်။

ကျောင်းဝန်းတစ်ခုလုံး လျှောက်ကြည့်ပီး ...ကန်တင်းကအပြန် ...အတန်းပြန်မယ်လုပ်တော့မှ  ကျမ ရှေ့မှာရှိတဲ့ မိန်းခလေး လေးယောက် ကိုမြင်ပီးကျမ ပြုံးမိသည်။

သူတို့ ကြည့်ရတာ ပျော်စရာကောင်းသည်လေ...။ရေစက်လို့ဘဲပြောရမလား သူတို့ကို မြင်တာနဲ့ ရင်းနီးချင်လာသည်။အထူးသဖြင့်
လွှာ့ ဆံပင်လိုဘဲ တိုတိုလေးနဲ့...မြင်လိုက်တာနဲ့...လွှာ သဘောကျတဲ့ ပုံစံလေး...။

တကယ်တော့ လွှာက lesbian တစ်ယောက်ပါ...LGBT ထဲက Lesbian တစ်ယောက်ဖစ်တယ်ဆိုတာ ရှစ်တန်းနှစ်ကတည်းက သိခဲ့သည်...။ရည်းစားတွေလဲ ထားခဲ့ဖူးသည်...။
ခုတော့ Sg လေးပေါနော်...။

လွှာ... သူ့ကို မြင်မြင်ချင်း သဘောကျမိသည်

ရင်းနီးခွင့်ရချင်တော့ ကြိုးစားရတာပေါ့...။

"ဟိုင်း...အကူညီပေးလို့ရမလားဟင်
Chem အဆောင်ဘယ်နားမှာလဲ သိချင်လို့"

ကျမ ကိုမြင်တော့ သူတို့ နည်းနည်း ကြောင်ငေးနေကြသည်...ပီးမှ တစ်ယောက်တစ်ပေါက် အသံထွက်လာကြသည်။

"အော်... Phy အဆောင်ရှေ့မှာဘဲလေ"

"ဟုတယ် ဟိုဖက်လမ်းကသွားရတာ..."

"ချစ်စရာလေး.... "

ပေါ်ပေါ်ထင်ထင်ပြောတတ်တဲ့ ကိုဖြိူးလေးက
အဲ့လိုပြောလိုက်​တော့ ရှက်သွားတဲ့အမူအရာမရှိပေမယ့် အပြူံးချိူချိူလေးကို မြင်လိုက်ရသည်...။ကိုဖြိူးတစ်ယောက် ကြွေနေပီထင်ပါရဲ...။

"ဟိုလေ အမ တို့နဲ့ ခင်လို့ရမလား..."

နိုင်နိုင်_"ဘယ်လို.....အမ ဟုလား"

ငအေး_"ဟယ်....."

မေ ကတော့ ရှိသမျှသွားတွေ ပိတ်ပီးကြိုက်ရယ်နေပါပီ။
ကိုဖြိူးတစ်ယောက်ကတော့ အချစ်စိတ်တွေ မွန်နေပီထင်ပါရဲ...။

ငအေး_"ငါတို့က အတူတူဘဲထင်တယ်နော်"

မေ_"ဟုတယ် နင်က che ကလား...နာမည်ဘယ်လိုခေါ်လဲ"

လွှာ_"နှင်းပွင့်လွှာ ပါ "

ကိုဖြိူး_"Wow  နာမည်လေးကလဲလှ
တယ်နော် "

ချစ်ရတဲ့ "ခိုင်❤"Where stories live. Discover now