Part 4❤

26 1 0
                                    


ရင်းနီးမှုရဲ့ ဆက်ဆံရေးတစ်ခုကို...ဘယ်လိုအတိုင်းအတာတွေ သတ်မှတ်ထားကြပါသလဲ မေ နဲ့ခိုင် တို့ရဲ့ ဆက်ဆံရေးကယော...ဘယ်အဆင့်ထိ ရောက်နေပီလဲ...

ဒီလူသားကိုချစ်မိခဲ့လို့...နောင်တရလားဆိုရင်
မေ့ အတွက်တော့...ဟင့်အင်း
ချစ်တယ်ဆိုတာထက်...တန်ဖိုးထားရတဲ့
ပန်းလေးတစ်ပွင့်မို့...သူ့ရဲဖစ်တည်မှုတိုင်းကို
သဘောကျ လက်ခံပီးသား

ခိုင့် ကို တခြားတစ်ယောက်က ငေးတာမြင်ရင်
မေ သဝန်တိုမိတယ်...
ခိုင်များ တခြားသူ ရင်ခွင်ထဲ ရောက်သွားရင် ဆိုတဲ့...အတွေးတွေက...မေ့ကိိုအကြိမ်ကြိမ်
သတ်နေသလိုပါဘဲ

မေလေ...လူတစ်ယောက်ကို ချစ်ပီးဆိုရင်လဲ အရူးအမူးချစ်သလိုမျိူး...
အစွဲအလမ်းလဲ ကြီးတယ်...
မေ့ အချစ်ကိုခံရတဲသူတွေက အတ္တကြီးတယ်လို့ဘဲပြောပြော
မေ့ အတွက်တော့...မေ ချစ်တဲ့
သူနဲ့ပတ်သက်ရင် အသေးမွှားလေးကအစ...
သဝန်တိုမိနေမှာ...

မေ နဲ့ အတူတူရှိနေတဲ့အချိန်ဆိုရင်
မေ့ ရင်ခုန်သံတွေကို ခိုင် ကြားပါ့မလား......

ကျောင်းသွားကျောင်းပြန် ဆိုင်ကယ်အတူတူစီးရင်လဲ... မေ့ ခါးလေးကို
ဖက်တွယ်ထားတတ်တဲ့ခိုင်...

ယောကျာ်းလေးသူငယ်ချင်းတွေနဲ့ ရယ်ရယ်မောမောနေတာ မြင်ရင်လဲ...
အဲ့လိုမနေနဲ့...ခိုင် မကြိုက်ဘူးတဲ့...
အဲ့ဒီလိုပြောတာလဲ...မေ့ကိုညီမလေးတစ်ယောက်လိုပြောတာဘဲလို့ ထင်ပါတယ်...

မေ လဲ မေ ပါဘဲ...ခိုင်ရဲ့ စကားတစ်ခွန်းဆိုရင်
အကုန် နာခံပီးသားဖစ်နေတာ......

"မီးလေး စာမကျက်ဘူးလား... "

"ဘွားကလဲ ဒီနေ့ ကျောင်းပိတ်တယ်လေ..."

"ဟုသားဘဲ မီးလေးပြောမှ သိတယ်...ဘွားမေ့သွားတာ.... "

အသက် 80 ကျော်ပီ ဖစ်တဲ့ မေ့ရဲ့ ချစ်ဘွားလေး...အသက်ကြီးလာတော့...
မေ့တတ်တဲ့ လက္ခဏာက တဖြေးဖြေး ပေါ်လာပီ...
မြေးတွေ ထဲမှာ မေက အချစ်ရဆုံးမြေးလေးဖစ်နေတာပေါ့...

"မီး သူငယ်ချင်းအ်ိမ်စာသွားကျက်မလို့ ဘွားရဲ့ "

"ဟုလား...ဘယ်သူ့အိမ်လဲ
ဘွားမြေးလေးဂရူစိုက်သွားနော် ...ဆိုင်ကယ်စီးတာလဲ ဂရူစိုက်မောင်း ကြားလား"

ချစ်ရတဲ့ "ခိုင်❤"Where stories live. Discover now