Part 9❤

57 2 1
                                    

အရှက်ကြီးတဲ့...ကျမ အတွက် အိပ်ရင်တောင် အိပ်မက်ထဲလာမက်ပါသတဲ့...

အဲ့ဒီ မေကလဲ အလိုက်ကမ်းဆိုးမသိဘူး
ခုတော့ မျက်လုံးမှိတ်လိုက်တိုင်း မြင်နေရပီ...😣

"မိခိုင် ဒီနေ့တော့ ကျောင်းမပျက်ပါနဲ့ဟ...
ကြာရင် စာကြည့်တိုက်နဲ့ ညားတော့မယ်နော်"

"ဝေ ကလဲ ဒီနေ့တစ်ရက်လုံးတော့ မပျက်ပါဘူးဟ...နားချိန်ပီးရင်သွားမယ်လေ...ခုတော့
ဖတ်လက်စ စာအုပ်လေး ဖတ်ပရစေအုံးနော်"

"အင်းပါ မေ လေးနဲ့တွေ့မှ မိခိုင်လဲ ကျောင်းပြေးတတ်လာပီ"

"မဟုပါဘူးဝေ ရဲ့ ငါကိုယ်တိုင်ကိုက ပြေးချင်လို့ပါ...."

"နာတတ်လိုက်တာနော်...မပြောချင်ဘူး"

"မဟုပါဘူးဟာ့ နင်ကလဲ"

"ကိုယ့်ကိုကိုယ် အသိဆုံးနေမှာပေါ့...တော်ပီ စာဖတ်တော့မယ်..."

ဝေကတော့ သူယူလာတဲ့စာအုပ်လေးဖတ်ပါတော့တယ်....
ကျမ ကတော့ စာအုပ်ဖတ်နေပေမယ့်...စာရွက်တွေ လှန်လိုက်တိုင်း...
မေ့ မျက်နှာ လှလှလေးကိုဘဲ မြင်ရောင်နေလေသည်...။

"ရာရာ... ဒီမှာ နင့်အတွက် ငါ ဝယ်လာတာ"

ခိုင် အသံကြားယာ လှည့် ကြည့်လိုက်တော့
မေ နဲ့ ကောင်မလေးတစ်ယောက်...
သူ့လက်ထဲက ပန်းသီးက စားချင်ဖွယ်ဖစ်ပေမယ့်...
ခိုင့်အတွက်တော့ အဆိပ်သီးလိုဖစ်နေသည်

မြွေမြွေချင်း ခြေ မြင်သလို...မေ့ကို ကြည့်တဲ့
သူ့အကြည့်တွေကို မြင်တာနဲ့ ခိုင်သိပါသည်

မေ့လဲ ကြည့်ပါအုံး ခိုင့် ကိုမမြင်ရအောင် မိုးမမြင် လေမမြင် ဖစ်နေတာ...

"ပန်းသီးလား..."

"ဟုတယ် ဒီပန်းသီးလေးတွေ မြင်တော့
နင့်ကို သတိရသွားလို့ ဝယ်လာတာ"

ဖစ်နေလိုက်ကြတာ...ခိုင် စိတ်တိုလာပါပီ
ဟိုတစ်ယောက်က ဘာဖစ်ချင်နေတာလဲ
မေ့ ကို ကြည့်တဲ့အကြည့်တွေ ...ခိုင် မကြိုက်

ခိုင် အရမ်းသဝန်တိုတတ်တယ်ဆိုတာ...မေ့ ကို ကြိူမပြောထားမိတာ မှားတာပါဘဲ...
အော်... ကြိူပြောရအောင်လဲ ဘာမှ မဆိုင်သေးတာကို...ခက်လိုက်တာ မိခိုင်ယေ့...

ချစ်ရတဲ့ "ခိုင်❤"Where stories live. Discover now