ဆံပင်ကိုက်သွားမယ်ဆိုပီး မေ ခေါ်ရာနောက်လိုက်လာခဲ့ပေမယ့်...ရောက်လာခဲ့တာက... မေ့ အိမ် တဲ့...။
အိမ်ရောက်လို့ ယူစရာလေးတွေယူပီးရင် အပြင်လျောက်လည်ကြမယ်ဆိုပီး...အိမ်ခေါ်လာခဲ့တာ...
လိမ်လည်ပီးများခေါ်လာလေသလား...
ခိုင် မပြောတတ်တော့...မေ့ လဲ သိပ်ယုံရတာမဟု...။........
မေ့ အိမ်ရောက်တော့ ဘွားလေးက အိမ်ရှေ့မှာ ထိုင်နေလေရဲ့...။
မေ က အဖွားလေးနား သွားပီး ဖက်ကာ ထိုင်ချလိုက်သည်...ခိုင်လဲ အဖွား ကို အလည်မှာ ထားပီးဘေးကဝင်ထိုင်လိုက်သည်။
"ဖွားမြေးလေး ကျောင်းဆင်းတာမြန်လိုက်တာ...သူငယ်ချင်းပါလာတာလား"
"ဟုတ် ဖွားလေး...မြေးရဲ့ မမလေ ချောတယ်မလား..."
"ဟုပ ဘွားသေရှာမမြင်ရတော့ပေမယ့် မြေးမလေးက ဘွားတို့ ငယ်ငယ်တုန်းကလိုဘဲ ချောလိုက်တာကွယ် "
"အ့ကြောင့် ဖွားမြေးလဲ ချောတာကိုး...
ဖွားနဲ့ တူလို့လေ...""ဟုပ ဟုပ"
မေ...သူ့ဖွားဖွား ကြွားတတ်တာလေးကြည့်ပီး ရယ်နေလေရဲ...လက်တစ်ဖက်ကို ထောက့်ပီး ဖွား ကိုကျော်ကာ ခိုင့်ကို ငေးကြည့်နေတဲ့ အကြည့်တွေကြောင့်...ခိုင် မနေတတ်တော့သလို...။
"ဖွားက တကယ်ချောတာဘဲနော်... "
"ဟုတယ်...ဖွား...ငယ်ငယ်တုန်းက ပုံရှိတယ်...."
"မြေးမလေးကို အပေါ်လိုက်ပြလိုက်လေ..."
"ဟုတ် ဖွားလေး..."
ဖွားကို နှုတ်ဆက်ပီး ခိုင့်ကိုအပေါ်ထပ်ကို ခေါ်လာခဲ့သည်...။
........
ခိုင့်ကို အဖွားပုံတွေ လိုက်ပြပီးတော့... မေ့ အခန်းထဲ ခေါ်ခဲ့လိုက်သည်...
နည်းနည်းရှုပ်ပွနေပေမယ့်လဲပေါ့နော်...။"ခိုင်... မေ ရေချိူးချင်လို့..."
"ချိူးလေ ခိုင် စောင့်နေမယ်...."
"ဟုတ်...ခဏ လေးဘဲ ကြာမှာပါ... "
"ရပါတယ်...ခိုင် စောင့်နေပါ့မယ် အေးဆေးချိူးနော်..."
"ဟုတ် ခိုင်လေး..."
မေ ကျမ ရှေ့မှာဘဲ အဝတ်တွေ ချွတ်မယ်လုပ်တော့ မျက်နှာလွဲလိုက်ရသည်...အခန်းထဲမှာ
ခိုင် ရှိနေသေးတယ်ဆိုတာရော...မသိလေသလား မေရဲ့...။

YOU ARE READING
ချစ်ရတဲ့ "ခိုင်❤"
Romanceခိုင့် ကိုမှ ရူးရူးမူးမူးချစ်မိတော့.... မေ...သဝန်တိုတာလေးတွေ ဗွေမယူပါနဲ့.....ခိုင်❤ မေသုသရာ❤ မိန်းခလေးတစ်ယောက်ကို...ဒီလောက်ထိ ချစ်သွားလိုက်မယ်လို့...တကယ်မထင်ထားခဲ့တာ...🍎❤ ...