Part 8❤

30 2 0
                                    

ခိုင်နဲ့ မတွေ့တာ နှစ်ရက် ရှိပီ...။
အရှက်ကြီးတဲ့ အပျိူကြီးမမ တော့...မေ့ ကို
ရှောင်နေလေရဲ့...။

ခိုင့် ကို တွေ့နိုင်မြင်နိုင်မလားဆိုပီး ကန်တင်း
လှမ်းခဲ့ပေမယ့်...ခိုင့်ကိုယော...
မမဝေ ကိုယော မတွေ့ဖစ်...။

"မျောက်မေ နင် ဘော်လီဘော အားကစား ပါမယ်မလား..."

"ပါမှာပေါ့ဟ...ငါ မပါရင် ပွဲမစည်ဘူး..."

"မြှောက်မနေ နဲ့ ငအေး...သူ ကစားဖူးတာလဲမဟုဘဲနဲ့..."

"အံမယ် အထင်သေးတာလား နိုင်နိုင်
..ငါ ခြောက်တန်းနှစ်ကတည်းက ကစားနေကြပါ... ပြောပြလိုက် ကိုဖြိူး..."

"ဟုတယ် ငါတို့ ငယ်ငယ်ကတည်းက ဆော့နေကြ..."

"ဟုမှ လဲ လုပ်ပါ အမရယ်..."

ကျောင်းအားကစားပွဲတွေမှာ ပါဝင်လေ့ ရှိတဲ့ မေ့ အတွက် အဆင်သင့်...။
အားကစားတွေပီးရင်တော့ စာမေးပွဲက လာတော့မည်...။

"ငါ့ရဲ့ ခိုင်​လေးကိုတွေ့ဖစ်ကြရဲ့လား..."

"ငါတို့က လိုက်ရှာနေတာမှ မဟုတာ
နင် သွားရှာပေါ့..."

"မတွေ့လို့ပေါ့ နိုင်နိုင်ယေ့...ငါ့ကိုရှောင်နေတာ
အပျိုကြီးက..."

"နင်က ဘာလုပ်ထားလို့"

"အယ်...ဘာမှ မလုပ်ပါဘူး..."

"မယုံရဘူးနော် မျောက်မေ... "

အတန်းထဲသွားလဲ မတွေ့...အဆောင်သွားလဲ မရှိတဲ့...ဘယ်မှာ ပုန်းနေမှန်းမသိတော့။
ပုန်းတန်းလိုက်တန်း ဆော့နေရသလိုဘဲ...။

"မျောက်မေ...."

ဟိုငေးဒီဟေး လုပ်နေတဲ့ မေ့ ကို...ကိုဖြိူး လက်ပုတ်ခေါ်တော့မှ အသိဝင်လာသည်...။

"ဘာတုန်း...ခိုင့် တွေ့လို့လား..."

"တွေ့တော့တွေ့တယ် နင့် ခိုင်လေး တော့ မဟုဘူး...ဟိုမှာ...ငါတို့ဆီ လာနေတာ..."

"ဘယ်သူ........"

ခိုင့် ကို မျှော်နေပေမယ့်...
ရောက်လာတဲ့သူက...တခြားတစ်ယောက်တဲ့လား... ။
မေ တို့ ခုံဝိုင်းကို လျှောက်လာနေတဲ့
နှင်းပွင့်လွှာ ကို...ပထမဆုံး ငအေး ကနေ နှုတ်ဆက်လိုက်သည်...။

ချစ်ရတဲ့ "ခိုင်❤"Where stories live. Discover now