တစ်ရက်မှာတစ်ခေါက်လောက် မစ ရရင်မနေနိုင်တဲ့ မေ...
"ခိုင် စားချင်ရင် မေ့ ကိုစားလို့ရတယ်နော်"
"မေ..."
မေ အဲ့လို စ လိုက်တော့...ခိုင် ရဲ့ ချစ်မျက်စောင်းလေးကို ပထမဆုံးရလိုက်လေခြင်း။
"စ တာပါ ခိုင်ယေ့...စိတ်မဆိုးနဲ့နော်
နော်...."ခိုင့်နဘေးမှာ ချွဲကပ်နေတဲ့ ခလေးလေးကို
ခိုင် စိတ်မဆိုးပါဘူး...
မေ...အဲ့လိုစနောက်လိုက်တိုင်း...ခိုင် ရှက်ရမ်းရမ်းနေကြ...အမှန်အတိုင်းဝန်ခံရရင်
ဒီလူသားလေးနဲ့ ခိုင့် ကြားမှာ သံယောစဥ်အမျှင်လေးတွေ ရစ်ခွေနေကြပါပီ။"မေ... မစနဲ့ကွာ ခိုင်တကယ်ဗိုက်ဆာနေတာကို "
နှုတ်ခမ်းလေးစူပီးပြောလာတဲ့ ခိုင်.....
တကယ်ဗိုက်ဆာနေတယ်ထင်ပါတယ်...
ချစ်ဖို့ကောင်းလိုက်တာ ခိုင်ယေ....။"ဟုပါပီ ခိုင် ဘာစားချင်လဲဟင်
မေ သွားဝယ်ပေးမယ်လေ""မေ ဝယ်ပေးတာ စားမယ် "
အသဲယားအောင်သိပ်လုပ်တာဘဲ ခိုင်...
မေ ဆွဲနမ်းမိတော့မယ်...."ချစ်ဖို့ကောင်းလိုက်တာ...အယ်"
စိတ်ထဲကနေ ပြောလိုက်ပေမယ့် လွှတ်ထွက်သွားတဲ့ စကားအပိုင်းအစကြောင့်...
ခိုင်. မျက်နှာလေး ပန်းနုရောင်ပြေးသွားသည်"ခိုင် ချစ်ဖို့ကောင်းတာ ခိုင်သိပါတေနော်
သွားတော့ ဗိုက်ဆာနေပီ""အပျိူကြီး ရှက်နေပီ...ဟီးး"
"မေ နော်..."
"သွားပီ"
မေ ...ခိုင့် ကို လျာထုပ်ပြပီး အခန်းထဲက ပြေးထွက်သွားလေရဲ့...။
ဒီလူသားလေး ခိုင့် ဘေးမှာရှိနေရင်ကို
ခိုင် ပျော်နေမိတာမျိူး။"မိခိုင်...သက်သာသွားပီလား"
မေ့ အကြောင်းတွေးနေတုန်းမှာဘဲ...
ယမှုံဝင်လာသည်..."သက်သာပါတယ်ဟာ့...ဗိုက်ဆာတာတစ်ခုဘဲ "
"မေလေး လာတော့ ချက်ချင်းသက်သာသွားတယ်ပေါ့..."
"ယမှုံနော်....မဟုတာတွေပြောမနေနဲ့...
မေ နဲ့က ညီအစ်မလိုနေကြတာကို "

YOU ARE READING
ချစ်ရတဲ့ "ခိုင်❤"
Romanceခိုင့် ကိုမှ ရူးရူးမူးမူးချစ်မိတော့.... မေ...သဝန်တိုတာလေးတွေ ဗွေမယူပါနဲ့.....ခိုင်❤ မေသုသရာ❤ မိန်းခလေးတစ်ယောက်ကို...ဒီလောက်ထိ ချစ်သွားလိုက်မယ်လို့...တကယ်မထင်ထားခဲ့တာ...🍎❤ ...