Chapter 122

807 79 0
                                    

စာစဉ် 9 Chapter 122 ကွန်ဖူးဆိုတာ ဘာလဲ ပြရသေးတာပေါ့

"ဒါရိုက်တာလီ ကျုပ် တောင်းဆိုချင်တာ အဲ့ဒါ အကုန်ပဲ၊ အမှန်အတိုင်း ပြောရရင် ကျုပ် ဒီကို လာတာက ခင်ဗျားကို လေးစားမှု ပြတဲ့ အနေနဲ့ပဲ၊ ဒီလို အမှိုက်ဆန်တဲ့ ရုပ်ရှင်မျိုးကို ... ဟဲဟဲ ပုံမှန်ဆို ကျုပ် မသိချင်ယောင် ဆောင်ထားလိုက်မှာ၊ ခင်ဗျားက လိုလိုလားလား တောင်းဆိုနေမှတော့ ကျုပ် တန်းငြင်းရင် မကောင်းဘူးလေ"

ဝူဟန်က သွေးနားထင်ကြီးစွာ ကြွားဝါလေသည်။

"အခု အတော်လေး နောက်ကျနေပြီ၊ ကျုပ်ရဲ့ အလှအပ ထိန်းသိမ်းဖို့အတွက် အိမ်ပြန်ပြီး အိပ်ဖို့ လိုနေပြီ၊ ခင်ဗျား မြန်မြန် ဆုံးဖြတ်ပါ"

"သခင်လေးဝူ ကျုပ် ..."

"ခဏလေး"

ရဲ့လင်းချန်က လီထိုက်၏ စကားကို ဖြတ်ပြောလိုက်ပြီး ရှေ့သို့ တဖြည်းဖြည်း လျှောက်လာပြီး ဝူဟန်အား ခံစားချက် ကင်းမဲ့စွာ ကြည့်လိုက်သည်။

"မင်းက သရုပ်ဆောင်ကြေး ယွမ်ဆယ်သန်း လိုချင်တာလား"

ဝူဟန်က ရဲ့လင်းချန်ကို ပြန်ကြည့်လိုက်ပြီး မသိမသာ မျက်မှောင်ကြုတ်၍ သရော်သံဖြင့် မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

"ငါက သရုပ်ဆောင်တွေကို အင်တာဗျူးဖို့ ဝိုင် ငှားထားတဲ့သူပဲ"

"မင်းလို မဖြစ်စလောက်လေးက ဘယ်တုန်းက ငါနဲ့ စကားပြောခွင့် ရသွားတာလဲ"

ဝူဟန် ခနဲ့လိုက်သည်။

"ယွမ် ဆယ်သန်း၊ တစ်ပြားတောင် မလျှော့နိုင်ဘူး"

"မင်းကိုယ်မင်း ယွမ်ဆယ်သန်း တန်တယ်လို့ ဘာလို့တွေးလဲ ငါ သိချင်သား"

ရဲ့လင်းချန်က ဝူဟန်ကို အေးစက်စက် ကြည့်နေသည်။

"ဟားဟားဟား မောက်မာလွန်းတဲ့ ကောင်ပဲ"

ဝူဟန်ဘေးမှ ဖက်တီးက ဟာသကို ကြားလိုက်ရသကဲ့သို့ အသားကုန် ရယ်မောလာသည်။

"ဘာလို့လဲလို့ မင်း မေးတယ်ပေါ့ ဟုတ်လား၊ ငါ မင်းကို ဘာလို့လဲဆိုတာ ပြောပြမယ်"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now