Chapter 184

779 75 2
                                    

စာစဉ် 13 Chapter 184 မင်း သတ္တိရှိရင် ငါနဲ့ ပြိုင်

နှစ်ရက်ကြာပြီးနောက် ရဲ့လင်းချန်က ကျန်းဟဲထံမှ ဖုန်းလက်ခံ ရရှိလေသည်။ စာချုပ်ချုပ်ခြင်း လုပ်ငန်းစဉ် ပြီးလုနီးပါး ဖြစ်နေပြီဟု ဆိုသည်။ လုပ်စရာ ကျန်တာဟူ၍ ရဲ့လင်းချန် ပေါ်လာပြီး ဓာတ်ပုံအရိုက်ခံကာ သူ၏ ဘတ်စကတ်ဘောသမား အိုင်ဒီကို ရယူရန်သာ ရှိတော့သည်။

ရဲ့လင်းချန် သဘောတူလိုက်သည်။ သူ့အတန်းချိန်အပြီးတွင် အချိန်ရသေးသဖြင့် ဘတ်စ်ကားစီးကာ အားကစားရုံသို့ သွားလေသည်။

သူ အားကစားရုံသို့ ရောက်သောအခါ ကျန်းဟဲက သူ့ကို တံခါးဝ၌ စောင့်ကြိုနေပြီး ဘတ်စကတ်ဘော အဖွဲ့အစည်း၏ ဒုတိယထပ် ရုံးခန်းသို့ တန်းခေါ်သွားသည်။

"ရဲ့လင်းချန် ကင်မရာကို ကြည့်ပေးပါ၊ ငါတို့ မင်းရဲ့ ကိုယ်ရေးအကျဉ်းကို အချက်အလက်အားလုံး သိမ်းဆည်း ထားဖို့အတွက် ကွန်ပျူတာထဲ သွင်းထားဖို့ လိုတယ်"

ကျန်းဟဲက ပြုံး၍ ပြောလိုက်သည်။ ဘတ်စကတ်ဘော ကြယ်ပွင့်တစ်ယောက်ကို အောင်မြင်စွာ ခန့်လိုက် နိုင်သဖြင့် သူ့ကိုယ်သူ အလွန် ပျော်ရွှင်နေလေသည်။

တရုတ်နိုင်ငံ၏ ဘတ်စကတ်ဘောသည် အဝေးတော့သည့် အနာဂတ်၌ မြင့်မားလာမည့် မျှော်လင့်ချက် ရှိလာလေပြီ။

"ချလပ်"

ကင်မရာမီး ဖျပ်ခနဲ လတ်သွားခြင်းနှင့်အတူ ဓာတ်ပုံရိုက်ခြင်း အခန်းကဏ္ဍ ပြီးသွားလေသည်။

ဝန်ထမ်းက ကွန်ပျူတာကို တဂျောက်ဂျောက် ရိုက်၍ ရဲ့လင်းချန်၏ အချက်အလက်များကို တစ်ခုပြီးတစ်ခု သွင်းကာ သူတို့၏ မှတ်တမ်းထဲ စာရင်းသွင်းနေသည်။

ထို့နောက်တွင်မူ ကျန်းဟဲက စာချုပ်ကို ထုတ်လိုက်သည်။ ရဲ့လင်းချန် လက်မှတ်ထိုးထားသော စာချုပ်ကို ဓာတ်ပုံ ရိုက်ပြီးသည်နှင့် အားလုံး အသက်ဝင်သွားပေလိမ့်မည်။ ထိုသို့ဆိုလျင် လုပ်ရိုးလုပ်စဉ်များအားလုံး တရားဝင် ပြီးဆုံးပေလိမ့်မည်။

သို့သော် ထိုသို့သောအချိန်၌ သူတို့ထံသို့ အလျင်အမြန် လှမ်းလာနေသော ခြေသံများကို ကြားလိုက်ရသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now