Chapter 44

1K 121 0
                                    

Chapter 44 စစ်သည်တော်ဌာန၏ အမှိုက်ကောင်

“ရှောင်ယဲ့ ဒီမှာ”
လီကမ်း လှမ်းအော်ခေါ်လိုက်သည်။ သူ့အရပ်က တစ်ဒဿမ ကိုးမီးတာကျော်သဖြင့် လူအုပ်ထဲ၌ ထင်းနေသည်။
“ဝိုး ရှောင်ယဲ့ မင်း ဒီယူနီဖောင်းနဲ့ တော်တော်မိုက်နေတာပဲကွ”
ရှန်းက ရယ်လိုက်ပြီးနောက် အာလူးလေးကို လက်ညှိုးထိုးပြလေသည်။
“အာလူးကို ကြည့်ပါဦး၊ ဒီယူနီဖောင်းကြောင့် သူ ရုပ်ရှင်တွေထဲက ပွေးနဲ့ တူမနေဘူးလား”
အာလူးလေးသည် အရပ်မရှည်သလို နည်းနည်းလေး ဝသည်။ ရှန်း ပြောပုံက အတော်လေး တူနေသဖြင့် လူအုပ်ထဲမှ ရယ်သံတစ်ချို့ ထွက်လာသည်။
လေးယောက်သား အတူတူ ရပ်နေပြီးနောက် တခါတရံ အချို့ အတန်းဖော်များကို နှုတ်ဆက်ကြသည်။ သို့သော် ဤနေရာမှ ယောက်ျားလေးများက မိန်းကလေးများကို ဆက်တိုက် ဖျတ်ခနဲ ကြည့်ကြည့်နေ၏။
“ငါတို့အတန်းထဲက ကောင်မလေးတွေရဲ့ အရည်အသွေးက တော်တော်လေး ကောင်းတာပဲ”
ရှန်းက ခပ်တိုးတိုး ပြောလေသည်။
“ဆံပင်ရှည်ရှည်နဲ့ တစ်ယောက်ဆို သေလောက်တဲ့ ကိုယ်လုံးကိုယ်ပေါက်ပဲ”
“ငါ ဆံပင်တိုတိုနဲ့ ကောင်မလေးတွေကို ကြိုက်တယ်၊ အေးဆေးတည်ငြိမ်တာမျိုးလေး”
အာလူးလေးက ဝင်ပြောလာသည်။
“ဟားဟား ကလေးဆန်လိုက်တာ”
လီကမ်းက လက်ဖျောက်တီးသည်။
“ငါ အားလုံးကို သဘောကျတယ်”
“ရှပ် ရှပ် ရှပ်”
ရှစ်နာရီ အတိတွင် ပြတ်သားသော ခြေသံများ ထွက်လာသဖြင့် ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အသံလာရာသို့ လိုက်ကြည့်သောအခါ နည်းပြများက အတန်းနှစ်တန်းစီ၍ ရှေ့နောက် ညီညီညာညာ လျှောက်လာ နေသည်ကို တွေ့လိုက်ရသည်။
“သူတို့ ရောက်လာပြီ၊ နည်းပြတွေ ရောက်လာသည်။
ထိုခပ်တိုးတိုးအသံ၌ မသိမသာ စိုးရိမ်နေသော အရိပ်အယောင်ကို ကြားနိုင်ပေသည်။ နည်းပြများသည် ကွင်းပြင်ထဲ ရောက်လာသည်နှင့် နေရာချဲ၍ သူတို့ တာဝန်ယူထားရသော အတန်းတစ်ခုရှေ့၌ ရပ်လိုက်သည်။
ရဲ့လင်းချန်က ရှစ်ခုမြောက်အတန်း၌ ရှိသည်။ ဤအတန်းနည်းပြက အရှပ်ရှည်သူ မဟုတ်ပေ။ သူသည် ဝတ်စုံပြည့် ဝတ်ထားပြီး အနည်းငယ် မည်းသော အသားအရည်ရှိသည်။ သို့သော် သူ့အသွင်အပြင်က ခြိမ်းခြောက်နိုင်စွမ်း ရှိလေသည်။
“ငါက စွန်းချောင်၊ လာမယ့်လဝက်လုံး ငါက မင်းတို့ရဲ့ သိုင်းလေ့ကျင့်ရေး နည်းပြအဖြစ် တာဝန်ယူထားရတဲ့လူပဲ အားလုံး အာရုံစိုက်ထားပါ”
စွန်းချောင် အော်ပြောလိုက်သည်။ သူ့အသံက မာန်ပါလှသဖြင့် ကျောချမ်းလာရသည်။
“မင်းတို့ ဘယ်လို သတိနဲ့ ရပ်ရမလဲ မသိဘူးလား၊ ငါ မင်းတို့ကို သင်ဖို့ လိုတာလား၊ ခါးကို မတ်ထားစမ်း”
စွန်းချောင် ဆက်ပြောလေသည်။ သူသည် အတန်းသားများကြား၌ လျှောက်သွားပြီး တစ်ယောက်ချင်းစီကို သေချာကြည့်၍ ကိုယ်အနေအထားကို ပြင်ပေးလေသည်။
ရဲ့လင်းချန်က နည်းပြ ပြောသည့်အတိုင်း မတ်မတ်ရပ်နေသည်။ သူ မသိမသာ မျက်မှောင်ကြုတ်နေမိသည်။ ဤနည်းပြမှ မိန်းကလေးများကို ကြည့်သည့် အကြည့်က ထူးဆန်းသော ခံစားချက်မျိုး ပေးနေသည်ဟု သူ ခံစားမိ နေ၏။
“မင်းတို့ ဘယ်လို သတိနဲ့ရပ်ရမလဲ မသိတဲ့ပုံပဲ၊ မင်းတို့ အသက်နှစ်ဆယ်လုံးလုံး အလေလိုက်နေတာလား”
စွန်းချောင်က လှောင်လေသည်။ ချက်ချင်းဆိုသလိုပင် သူက မိန်းကလေးတစ်ယောက် ရှေ့၌ ရပ်လိုက်သည်။
“တစ်ကိုယ်လုံး လျော့ရဲနေတာပဲ၊ မနက်စာ စားမလာဘူးလား”
ထို့နောက် သူက လက်ဆန့်၍ မိန်းကလေး၏ လက်ကို ကိုင်လိုက်သည်။ ထို့နောက် သူမခါးကို ထပ်ကိုင်လေသည်။
“ခေါင်းကိုမော့၊ ဗိုက်ကိုဖွင့်ထား၊ မတ်မတ်ရပ်”
“ဟုတ်တယ် မဆိုးဘူး၊ အဲ့အနေအထားကို ထိန်းထား”
စွန်းချောင်က သူမနား၌ အချိန်အတော်ကြာအောင် သူ့လက်ဝဲနေသည်။ သူမတစ်ကိုယ်လုံးကို ပွတ်သပ်ပြီးမှ သူမကို လွှတ်ပေးလေသည်။
“ယီးပဲ မြေယိုး နှာဘူးကောင်”
ရှန်းက ခပ်တိုးတိုး ကျိန်ဆဲလေသည်။ ကျန်အတန်းသားများလည်း မျက်နှာ သုန်မှုန်လာသည်။ အထူးသဖြင့် မိန်းကလေးများပင်၊ အများစုက ကြောက်လန့်ကာ မျက်နှာ ပြာနှမ်းနေ၏။
“မင်းတို့ ဘာတွေ တိုးတိုးပြောနေတာလဲ၊ တစ်နာရီတိတိ မတ်မတ်ရပ်နေစမ်း”
စွန်းချောင်က အေးစက်စွာ သရော်လိုက်သည်။ လူတိုင်း သူတို့ဒေါသကို မဖော်ထုတ်ရဲကြချေ။
“ယီးပဲ ဘာစိုက်ကြည့်ရအောင် မင်းက ဘာကောင်လဲ”
စွန်းချောင်က ကျောင်းသားတစ်ယောက်ကို ခါးမှကန်လိုက်သဖြင့် မြေကြီးပေါ် လဲကျသွားသည်။ ထိုကျောင်းသားက ကျူးချန်တုံဟု ခေါ်ကြောင်း ရဲ့လင်းချန် အမှတ်ရလိုက်သည်။
“မင်းက ငါ့ကို စိုက်ကြည့်ရဲသေးတယ်ပေါ့၊ မင်းလို ငပျော့ကို ငါ လက်တစ်ဖက်တည်းနဲ့ ဆယ်ကြိမ်လောက် သမလို့ ရတယ်”
စွန်းချောင်က လူအုပ်ကို ဝေ့ကြည့်လိုက်သည်။
“အခု မင်းတို့အားလုံးက ငါ့လက်ထဲမှာပဲ ရှိတယ်၊ ငါ့ကို လာမောက်မာပြဖို့ ကြိုးစားကြည့်လိုက်၊ မင်းတို့ ငါ့ရှေ့ ပေါ်မလာနိုင်အောင် လုပ်လိုက်မယ်”
သူတို့အားလုံးသည် ကျောင်းသားများသာ ဖြစ်သည်။ သူတို့ထဲက မည်သူမှ ဤသို့သော ခြိမ်းခြောက်မှုမျိုးနှင့် မကြံဖူးသဖြင့် ကြောက်နေကြသည်။
“မင်း အခုထပြီး ကွင်းကို ဆယ်ပတ်ပတ်ပြေးစမ်း”
စွန်းချောင်က ကျူးချန်တုံကို အမိန့်ပေးလိုက်သည်။ ကွင်းသည် မီတာလေးရာ ကျယ်ဝန်းသည် ဆယ်ပတ်ဆိုလျင် လေးကီလိုမီတာ အကွာအဝေးနှင့် ညီမျှ၏။ ဤသည်က သူ့ကို အသေသတ်နေသလိုပင်။
ကျူးချန်တုံ သုန်မှုန်သွားပြီး ကွင်းကို စပတ်ပြေးလေသည်။ စွန်းချောင်က အတန်းသားများကြား၌ ဆက်၍ လျှောက်နေပြီး မိန်းကလေးများကို ပို၍ အာရုံစိုက်နေသည်။ ယခုအချိန်ထိ သူသည် မိန်းကလေးများအား သူ့လက်ဖြင့် မဖွယ်မရာ ပွတ်သက်နေသည်။ မိန်းကလေးများအပေါ် ဆက်တိုက် အနှောင့်အယှက် ပေးရသည်က ဤနည်းပြအတွက် ထမင်းစား ရေသောက် ဖြစ်နေသည့်ပုံရသည်။
ထို့အပြင် သူ့ပါးစပ်ကလည်း ကြမ်းသေးသည်။ အကြိမ်တိုင်း ရုန့်ရင့်ကြမ်းတမ်းသော စကားများသုံးကာ ယောက်ျားလေးများကို ပို၍ ကန်ကျောက်လေသည်။ တကယ့် လမ်းဘေးလူမိုက်စရိုက်ပင်။
“မင်းအနေအထားက ကောင်းတယ်၊ ဒါက သိုင်းသမားနဲ့ ပိုတူတယ်”
စွန်းချောင်က မိန်းကလေးတစ်ယောက်နား လျှောက်သွားသည်။
“မင်းခေါင်းက ဒီလိုဖြစ်သင့်တာ၊ မော့ထား”
ထိုသို့ပြောပြီး သူက သူမမျက်နှာကို ဆိတ်လေသည်။
“အင်း မဆိုးဘူး၊ မင်းတို့တွေက ဒီကောင်တွေထက် ပိုတော်တယ်၊ မင်းတို့ကို စစ်ပွဲထဲ ပို့လို့ကတော့ သူတို့က အမှိုက်တွေပဲ ဖြစ်မှာ၊ မင်းတို့ မိန်းကလေးတွေက နူးညံ့တဲ့ အသားအရေနဲ့ မင်းတို့ ရန်သူကို မြူဆွယ်လို့ရတာပေါ့”
စွန်းချောင်က သူတို့ကို မထိတထိပြောက ညစ်ညမ်းစွာ ရယ်မောလေသည်။
“ငါတို့ သင်ခန်းစာ မစရသေးတာ ဆိုးတာပဲ၊ မဟုတ်ရင် ငါ မင်းတို့ မိန်းကလေးတွေကို သွေးဆောင်ခြင်း အတတ်ပညာကို သင်ပေးလို့ ရတယ်”
မိန်းကလေးများ၏ မျက်နှာက ရှက်လွန်းသဖြင့် နီမြန်းလာသည်။ ယောက်ျားလေးများလည်း မျက်နှာ နီနေ၏။ သို့သော် ဒေါသကြောင့် မျက်နှာ နီနေခြင်း ဖြစ်သည်။
မည်သူမှ ပြန်မပြောရဲသည်ကို မြင်သော် စွန်းချောင်က ပို၍ မသင့်တော်သော အပြုအမူမျိုးကို စလုပ်လာသည်။ မိန်းကလေးများကို ဆက်တိုက် အနှောင့်အယှက် ပေးသည့်အပြင် လက်က ပိုအတင့်ရဲလာ၏။
မိန်းကလေးတစ်ယောက်က စွန်းချောင်၏ နှာဘူးထသော လက်ကို ရှောင်ချင်သဖြင့် ကိုယ်ကို ယိမ်း၍ ရှောင်လေသည်။ သို့သော် စွန်းချောင်က ထိုအပြုအမူကို အခွင့်ကောင်းယူ၍ သူမကိုယ်ကို ကိုင်တွယ်လေသည်။
“မင်း ဘာလို့လျုပ်နေတာလဲ၊ မင်း သတိအနေအထားနဲ့ ရပ်နေတုန်း လှုပ်ဖို့ခွင့်ပြုထားလား”
ထိုသို့ပြောပြီး သူ့လက်ဖြင့် သူမတစ်ကိုယ်လုံးကို ပွတ်သပ်လာသည်။
“ငြိမ်ငြိမ်နေ ဗိုက်ကိုဖွင့်ထား၊ ခါးကိုမတ်၊ မေးကိုမော့ထား”
ထို့နောက် သူက နောက်မိန်းကလေးတစ်ယောက်ထံ ရွှေ့သွားပြီး မေးလိုက်သည်။
“မင်းမှာ ချစ်သူ ရှိလား”
ထိုကောင်မလေးက ခေါင်းခါ၍ ပြန်ဖြေလာသည်။
“တကယ်လား၊ ဒါဆို မင်းရင်သားတွေက ဘယ်လို ကြီးလာတာလဲ”
စွန်းချောင်က လက်ရှိအချိန်တွင် အာဏာရှင်သဖွယ် ပြုမူနေသည်။ ယောက်ျားလေးများအား သူ့ကျွန်သဖွယ် ဆက်ဆံ၍ မိန်းကလေးများအား သူ့ကိုယ်လုပ်တော်များကဲ့သို့ စိတ်ရှိတိုင်း ကိုင်တွယ်နေလေသည်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာသည်။ နောက်ဆုံး၌ နားချိန်ရောက်လာပြီး အားလုံး မြက်ခင်းပေါ်၌ ငြိမ်၍ ထိုင်နေကြသည်။
“ယီးပဲ ဘယ်လို အမှိုက် နည်းပြလဲကွာ၊ သူက ယောကျာ်း မဟုတ်ဘူး၊ သူက တိရစ္ဆာန်”
“မြေယိုး အဲ့ခွေးမသား ငါတို့ တိုင်လို့မရဘူးလား”
“ဒါ ပထမနေ့ပဲ ရှိသေးတယ်၊ ငါတို့ လဝက်တောင် ရှိသေးတယ်၊ ငါတို့ ဘယ်လို ဆက်နေရမလဲ”
ယောက်ျားလေးများက ဒေါသကို ဖွင့်ထုတ်၍ အဆင်ပြေသည်။ သို့သော် မိန်းကလေးများမှာမူ အများစုက ကျိတ်၍ မျက်ရည်သုတ်ကာ သူတို့၏ စိတ်ဝေဒနာကို ဖုံးကွယ်နေသည်။
မိန်းကလေးများ မျက်ရည်ကျနေသည်ကို မြင်သော် ယောက်ျားလေးများ သနားလာပြီး စွန်းချောင်ကို အသည်းအသန် သမချင်နေကြသည်။
“ချီးပဲကွာ သူ ဘယ်လိုတောင် ငါတို့အတန်းက မိန်းကလေးတွေကို အနိုင်ကျင့်ရဲတာလဲ၊ ငါတို့ ဒီလိုငြိမ်နေရင် ငါတို့ကိုယ်ငါတို့ ယောကျ်ားလို့တောင် မခေါ်သင့်တော့ဘူးကွ”
“ငါတို့က လူများတာပဲ သူ့ကို နိုင်နိုင်ပါတယ် ဟုတ်တယ်မလား၊ ငါတို့ သူ့ကို ကောင်းကောင်း မဆော်ရရင် ငါ့စိတ်က အဆင်ပြေမှာ မဟုတ်ဘူး”
လီကမ်း၏ မျက်နှာက ပုံမှန်ထက် ပိုမည်းမှောင်နေသည်။
“ရှောင်ယဲ့ ငါတို့ သည်းခံလို့ မရဘူး၊ ငါတို့ ဒီလို သည်းခံနေလို့ မရဘူး”
တစ်ဖက်တွင်မူ အာလူးလေးက “ယီးပဲ”ဟု အော်ဆဲလေသည်။ စိတ်လှုပ်ရှားကာ ဒေါသထွက်သော အမူအရာနှင့် သူ့ဖုန်းကို စိုက်ကြည့်နေသည်။
“ဒီခွေးကောင်က လွန်ခဲ့တဲ့သုံးနှစ်က သိုင်းလေ့ကျင့်ရေးမှာလည်း ပြစ်မှုကျူးလွန်ဖူးတယ်၊ သူ ကျောင်းသူ တစ်ယောက်ကို ကိုယ်ဝန်ရအောင် စော်ကားခဲ့တာ၊ ယီးပဲကွာ သူ ပြဿနာ ထပ်ရှာဖို့ ရောက်လာတာလား”
“သောက်ကျိုးနည်း ဒီလိုကိစ္စမျိုး ဖြစ်ခဲ့တာလား၊ ငါတို့ သူ့ကို မဆော်ရင် ဘယ်လိုလုပ် မျက်နှာပြရမလဲ”
အတန်းသားတိုင်း ဖုန်းကို ထုတ်ကြည့်လာကြသည်။ ထိုနည်းပြ၏ နာမည်မှာလည်း စွန်းချောင် ဖြစ်သည်။ သတင်း၌ သူ့ပုံကို ဝါးထားသော်လည်း ပုံစံက သူမှသူပင်။
လွန်ခဲ့သော သုံးနှစ်က သူသည် မိန်းကလေး တစ်ယောက်ကို ကိုယ်ဝန်ရအောင် လုပ်ခဲ့သလို သိုင်းလေ့ကျင့်ရေး အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဖြင့် တရားစွဲခံရသည်။ ထိုအချိန်က အတော်လေး နာမည်ကျော်ခဲ့သည်။ သတင်းထဲ၌ ပြစ်ဒဏ်ချမှတ်သည်ဟု ဆိုထားသော်လည်း ဘာပြစ်ဒဏ်ဟု မဆိုထားချေ။
ဤနေရာ၌ သူ ပြဿနာ ထပ်ရှာမည်ဟု မည်သူက ထင်ထားမည်နည်း။

ကျုပ်က ပါရမီရှင် (Chapter 1-200)Tahanan ng mga kuwento. Tumuklas ngayon