Unicode
" ငါ သိပြီ ! ငါ သိပြီ ! ! ငါ သိလာပြီ ! ! !
ဘေးအိမ်က အစ်ကိုကြီးရဲ့ဘဲကို ငါသိခဲ့ပြီ "" ဟုတ်လား ဟုတ်လား ဘယ်သူလဲ ? ! "
သုံးလမ်းကျော်အထိ အဝေးကြီးဆွဲခေါ်ခံလာရလို့ ဒရောသောပါးဖြင့်ပါလာသည့် သူငယ်ချင်းမဟာ စပန့်၀မ်းဆက်လေးဖြင့် ကုပ်တီးကုပ်ချောင်းဖြစ်လျက် ။ သူ့အရှေ့မှ ကြီးမားလှသည့် ကိတ်မုန့်ဆိုင်ကြီးအား အောင့်သက်သက်ဖြင့် မော့ကြည့်ပြီး အထဲသို့၀င်ရမည်ကို တွန့်ဆုတ်နေပုံကြောင့်
ရှီလာခမျာ မနည်းကို အထဲ ဆွဲခေါ်လာခဲ့ရသည် ။" ငါ့ရဲ့ ရှာဖွေတွေ့ရှိမှုတွေအရတော့.....သူပဲ ! "
" ဘယ်သူလဲ.....ကိတ်မုန့်ဆိုင်ပိုင်ရှင် ? ! "
" အေး ငါပြောတာ သေချာစဥ်းစားကြည့်နော်
ဒီတစ်ပတ်လုံး ငါ ဘေးအိမ်က အစ်ကိုကြီး
ဘယ်ကိုသွားတယ် ဘာတွေလုပ်တယ်ဆိုတာ သေချာကို လိုက်ချောင်းထားတာ အဲ့မှာကွာ... "အားကြိုးမာန်တက်ဖြင့် ရှီလာရှင်းပြနေသည်ကို မှာထားသော ကိတ်မုန့်လောက်တောင် စိတ်၀င်စားဟန်မရှိသည့် သူငယ်ချင်းမက ကိတ်မုန့်တစ်ဇွန်းယူစားပြီး ပါးစပ်ကိုလက်ဖြင့်အုပ်လျက်.....။
" အိုးမိုး အိုးမိုး အရမ်းစားလို့ကောင်းတာပဲ "
" နင် ငါ ပြောတာနားထောင်နေရဲ့လား
အဖက်လေးဘာလေး နည်းနည်းလုပ်ဦး ! "ပါးစပ်ထဲ ပလုတ်ပလောင်းနှင့် ခေါင်းငြိမ့်ပြလာသည့် သူငယ်ချင်းမက လက်ဟန်ခြေဟန်ပြပြီးဆက်ပြော ဆက်ပြောဟု ဆိုလိုချင်သည် ။
" အဲ့မှာကွာ မနက် ၈ နာရီတိုင်း ဘေးအိမ်က အစ်ကိုကြီးက ဒီဆိုင်ကို ကိတ်မုန့်လာ၀ယ်တယ် !
နင်သိတဲ့အတိုင်း ငါတို့ လမ်းထိပ်မှာလည်း ကိတ်မုန့်ဆိုင်ကြီးရှိတယ်ကွာ အဲ့တာကို ဒီလောက်အဝေးကြီးထိ လာ၀ယ်တာ မထူးဆန်းဘူးလား "" အွန်း ~ အွန်း ~ အရသာရှိတယ် "
" ငါမေးနေတယ် မထူးဆန်းဘူးလားလို့ ! ! ! "
" အဟွတ် ! အဟွတ် ! ရေ...ရေ "
သူ့ဘေး၌ ရှိနေသော ရေဘူးကို လက်လှမ်းမမှီဖြစ်နေသော သူငယ်ချင်းမအား အဖုံးဖွင့်ကာ လှမ်းပေးလိုက်တော့ အလောတကြီးဖြင့် ယူသောက်လာခဲ့သည် ။
BẠN ĐANG ĐỌC
ဘေးအိမ်က အစ်ကိုကြီးမှာ ဘဲရှိနေတယ်/ေဘးအိမ္က အစ္ကိုႀကီးမွာ ဘဲရိွေနတယ္( Completed )
Fanfictionကိုယ့်ရှေ့က အဆင်ကိုပဲ ငမ်းမနေနဲ့ ! သူ့နောက်က ဆိုင်ရာကိုလည်း ကြည့်ဦး ! ကိုယ့်ရှေ့က အဆင်ကိုပဲ ငမ်းမနေနဲ့ ! သူ့နောက်က ဆိုင်ရာကိုလည်း ကြည့်ဉီး !