8.8

1.9K 291 137
                                    

Unicode

" နောက်တစ်ခါကျရင် ကိုယ့်ပစ္စည်းကိုယ်
သေချာစီစစ်ပြီး ယူသွား မင်းအစ်မလက်ထဲ
အဲ့တာကြီးကို ငါ တွေ့လိုက်ရတော့ ငါ့မှာ ဘယ်လောက်တောင် လန့်ဖြန့်သွားတယ်ထင်လဲ ကောင်စုတ်လေး မင်း အဲ့တာကို သိရဲ့လား ? ! "

" အာ ~ ဟာ ~ ဟာ ~ မသိဘူး ~ မသိဘူး ~
ကျွန်တော့်ပစ္စည်းလေးက ဒီမှာပဲ ရှိနေတဲ့ဥစ္စာ
နောက်တစ်ခါကျ အိတ်ကပ်ထဲထည့်သွားရမယ် "

" မင်းနော် ဘယ်လိုဖြစ်နေတာလဲ လမ်းမကြီးမှာ "

" အူးဝါး ! အရမ်း အရမ်း ဖက်လို့ကောင်းတာပဲ
အိမ်မှာဆို ဟို စသုံးလုံး အစ်မကြောင့် ဒီလိုမျိုး လွတ်လွတ်လပ်လပ်ကို မတွေ့ရဘူး ပြွတ်စ် ~ "

" ဘာလို့ အရမ်းကဲနေလဲ အသားယူလွန်းတယ် "

" ဘာဖြစ်လဲ ~ ဘာဖြစ်လဲ ~ ကိုယ့်ချစ်သူကိုယ် အသားယူတာပဲဟာ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ "

" ဒါလင် ~ "

" ပြော ဟန်နီ ~ "

" ငါတို့တွဲနေတာ မင်းအိမ်ကို ဖွင့်ပြောကြမလား "

" ဟမ် ? ! "

" အဲ့တုန်းက မင်း အထက်တန်းမပြီးသေးလို့ ဖုံးထားတာလေ အခုဆို ၅ နှစ်တောင်ရှိနေပြီကို "

" အမ်းးး "

" ဘာလဲ ? ! မပြောချင်ဘူးလား ? ! "

" မဟုတ်...ပါဘူး ပြောချင်ပါတယ်
ပြောချင်ပေမဲ့....."

" ပြောချင်ပေမဲ့ ဘာဖြစ်လဲ ? !
မင်း အစ်မကြောင့်လား မင်းအစ်မသိသွားမှာ
အဲ့လောက်တောင် ကြောက်လား ? ! "

" ဟ ဟား သူ့ကိုများ ကြောက်စရာလားလေ "

ထိုကဲ့သို့ ပလီပလာ တီတီတာတာများ ပြောနေကြသည့် အတွဲတစ်တွဲကြား မဆီမဆိုင်ဖြင့် အသံတစ်သံဟာ ၀င်ရောက်နှောင့်ယှက်လာခဲ့သည် ။

" ရှောင်ကော ? ဟုတ်တယ်မလား ? !
ဘေးအိမ်က ရှောင်ကျန့်ကောကောမလား ? ! "

" အဲ့..အဲ့တာ အစ်..အစ်မ အသံမလား ? ! "

" မင်း အစ်မ ငါတို့နောက်မှာ ! "

" ဘာ ! ! ! "
____________________________

ညအချိန်မို့ အဝေးမှုန်နေသည့် မျက်စိလေးဟာ နေ့အချိန်ထက် ပိုကန်းနေသည် ။ မနည်းကို ပြူးပြဲကြည့်လိုက်တော့ ပခုံးကြီးကြီးပေါ်မှာ မေးတင်ထားသည့် ဘေးအိမ်က အစ်ကိုကြီးရဲ့မျက်နှာကို ဝေဝေဝါးဝါးတွေ့လိုက်ရ၏ ။

ဘေးအိမ်က အစ်ကိုကြီးမှာ ဘဲရှိနေတယ်/ေဘးအိမ္က အစ္ကိုႀကီးမွာ ဘဲရိွေနတယ္( Completed )Where stories live. Discover now