Unicode
တစ်ညလုံး ဆူညံဆူညံအသံတွေကြောင့် လန့်လန့်နိုးရသလို မှေးခနဲအိပ်ပျော်သွားတာမှ မကြာသေး ဒုန်း ! ဒိုင်း ! ဒုန်း ! ဒိုင်း ! အသံတွေ ထွက်လာပြန်တာကြောင့် ရှီလာတစ်ယောက် မနက်အစောကြီး မထစဖူး ထလာခဲ့ရ၏ ။
ဆောင်းအကူး နွေအဦးမို့ အနည်းငယ် အချမ်းဓာတ်ရှိနေသေးသည့် မနက်ခင်းမှာ ခပ်ပါးပါး အနွေးထည်တစ်ထည်ကောက်၀တ်လို့ အိမ်ရှေ့သို့ ထွက်လာခဲ့၏ ။ သူ(မ)အား အိပ်ရေးပျက်အောင် နှောင့်ယှက်နေသည့် အသံမျိုးစုံ ဘယ်ကလာလဲ စူးစမ်းရပေမည် ။
" ဟို မောင်လေးတို့ ဘာတွေလုပ်နေကြတာလဲ "
အိမ်ရှေ့၌ ရပ်ထားသော Truck ကား အကြီးကြီးကို တွေ့လိုက်ပြီးနောက် ဘာပစ္စည်းတွေ သယ်ပို့နေကြမှန်းမသိသည်ကြောင့် လှမ်းမေးလိုက်မိ၏ ။
" ခင်ဗျာ ကျွန်တော်တို့ကို မေးတာလားဗျ ! "
" ဟုတ်တယ် "
" ကုတင်လာဆင်ပေးတာဗျ ဒီအိမ်ကမှာထားလို့ "
ဘေးခြံကို လက်ညိုးထိုးပြလာသော ကောင်လေးက မဆင်ရသေးသည့် ကုတင်အစိတ်အပိုင်းတွေကို သယ်ယူပြီး ဘေးအိမ်ထဲသို့ ၀င်သွားခဲ့သည် ။
ထိုသည်ကို ကြည့်ရင်းဖြင့် အိပ်ရေးမ၀သေးလို့ ထုံထိုင်းထိုင်းဖြစ်နေသည့် ဦးနှောက်လေးဟာ မြန်မြန်ဆန်ဆန်ကို အလုပ်လုပ်လာတော့သည် ။
ဒါဆို မနက် ၄ နာရီခွဲတုန်းက
ကြားလိုက်တဲ့ အသံက...! ! ! ! !" မားမားရေ ! ဒီနေ့ ဘာတွေ ချက်တာလဲ
သမီး ဘေးအိမ်ကို ၀င်စပ်စု...အဲ ဟင်းပေးမလို့ "
_________________________ခါတိုင်းလည်း ရှီလာသည်
တစ်ပတ်မှာ ၃ ၊ ၄ ရက်လောက် !" ဘေးအိမ်က အစ်ကိုကြီးက
တစ်ယောက်တည်းနေနေတာ မားမားရဲ့
သူ ကြည့်ရတာလေ ချက်ကျွေးမယ့် သူလည်း
ရှိပုံမပေါ်ဘူး သနားပါတယ် " ဟူသော.....။ခေါင်းစဥ်ဖြင့် လောကွတ်ချော်ပြီး ထမင်းတွေ ဟင်းတွေ အမြဲ ပို့ပေးနေကျဖြစ်သည် ။
သို့ပေမဲ့ ပြောဆိုဆက်ဆံရေး မကျွမ်းကျင်မှုကြောင့် သူ(မ)ကိုယ်တိုင် သွားပို့ခြင်းမဟုတ်ပဲ မောင်လေးကတစ်ဆင့် ပို့ပေးခိုင်းခြင်းမျိုးပင် ။
![](https://img.wattpad.com/cover/327717093-288-k442369.jpg)
DU LIEST GERADE
ဘေးအိမ်က အစ်ကိုကြီးမှာ ဘဲရှိနေတယ်/ေဘးအိမ္က အစ္ကိုႀကီးမွာ ဘဲရိွေနတယ္( Completed )
Fanfictionကိုယ့်ရှေ့က အဆင်ကိုပဲ ငမ်းမနေနဲ့ ! သူ့နောက်က ဆိုင်ရာကိုလည်း ကြည့်ဦး ! ကိုယ့်ရှေ့က အဆင်ကိုပဲ ငမ်းမနေနဲ့ ! သူ့နောက်က ဆိုင်ရာကိုလည်း ကြည့်ဉီး !