10

1.8K 270 68
                                    

Unicode

" နင့်မောင် မရှိတာသေချာရဲ့လား ? ! "

" သေချာတယ် ဒီချိန် သူ သင်တန်းမှာ လာ မွှေစို့ "

" နေ...နေဦး ! ငါ ၀င်ပြီး မမွှေချင်တော့ဘူး ~
နင်.....နင့်မောင်သာ တကယ်ကြီး ဘေးအိမ်က အဆင်နဲ့ဆိုရင် ! ငါ...ငါ ရှကုန်မှာပေါ့လို့ ! ! ! "

ငိုမဲ့မဲ့ဖြင့် အခန်း၀မှာ သူ(မ)အား ဆွဲထားသည့် သူငယ်ချင်းမဟာ ငယ်ငယ်ကတည်းက မောင်လေးဖြစ်သူကို မုန့်ပေးကြိုက်ချင်တာဖြစ်သည် ။ ခက်တာက သူ(မ) မောင်ကလည်း မုန့်ဆိုရင်ကို လုံး၀မကြိုက်သူမို့ ဘယ်လိုမုန့်ပဲ ၀ယ်ကျွေးကျွေး သူငယ်ချင်းမကို လှည့်ကိုမကြည့်တတ်တာပင် ။

" နင်တင်ရှမှာလား ? ! ငါလည်း ဘေးအိမ်က အစ်ကိုကြီးကို ကြွေနေတာပဲလို့ ! ! ! အဟင့် ~ "

" အဲ့..အဲ့တာကြောင့် ၀င်...၀င်မကြည့်ရအောင်လို့ ခံစားချက် မကောင်းဘူးနော် သူငယ်ချင်း ငါ့အခုခံစားချက်က လုံး၀ လုံး၀ကို ဆိုးရွားလာနေပြီ ! "

တံခါးလက်ကိုင်ကို ကိုင်ထားသည့် ရှီလာ့လက်ချောင်းတွေဟာ တင်းကြပ်သွားခဲ့သည် ။

" အမှန်တရားက ရှယ်ခါးတယ်ဆိုပေမဲ့လည်း !
သိအောင်တော့ ရှာဖွေရမှာပဲ ရင်ဆိုင်ကြတာပေါ့ "

! ဒုန်း !

တွန်းဖွင့်လိုက်သည့် တံခါးရွက်ဟာ အခန်းနံရံနှင့် ပစ်ရိုက်သွားနောက် သူ(မ)တို့၏ ရှာဖွေရေး လုပ်ငန်းစဥ်ဟာလည်း အစပြုလာခဲ့ပါသည် ။
___________________________

" ဘယ်ကနေ စ ရှာကြမလဲ ? ! "

" ရှာစရာမလိုဘူး ရှီလာ ဟိုမှာပဲ ~ "

သူ(မ)နောက်ပါးမှ ထွက်လာသည့် သူငယ်ချင်းမ၏ သရဲလိုမျိုး လက်တံရှည်ဟာ တစ်နေရာကို လက်ညိုးထိုးပြလာသည် ။ ထိုတစ်နေရာတွင် အ၀တ်စင်ကြီးတစ်ခုရှိနေ၏ ။

" ဒါ နင် မနေ့ညက တွေ့ခဲ့တဲ့ ဟူဒီဟုတ်လား ? ! "

သိချင်သလိုလို မသိချင်လိုလို မျက်နှာပေးဖြင့်မေးခွန်းထုတ်လာသည့် သူငယ်ချင်းမက အ၀တ်စင်ပေါ်၌ ဒီတိုင်း ကပျက်ကချော် လုံးတင်ထားသော အစိမ်းပုပ်ရောင် ဟူဒီအား ဆွဲယူကာ ဖြန့်ပြလာ၏ ။ ထိုဟူဒီတွင် ရှီလာညက တွေ့ခဲ့သလိုမျိုး ခေါင်းထိတဆုံး ဆွဲပိတ်လို့ရသည့် ဇစ်ပါနေသည် ။ လုံး၀ကို မှတ်ဉာဏ်ထဲကနှင့် တစ်ထေရာတည်း တူသောကြောင့် ခေါင်းလေးသာ ငြိမ့်ပြနိုင်သည် ။

ဘေးအိမ်က အစ်ကိုကြီးမှာ ဘဲရှိနေတယ်/ေဘးအိမ္က အစ္ကိုႀကီးမွာ ဘဲရိွေနတယ္( Completed )Donde viven las historias. Descúbrelo ahora