Unicode
" အဲ့မှာ ဘေးအိမ်က အစ်ကိုကြီးက
ဒိုင်ဗင်တွေပါ ပစ်ထိုးပြီး ငါ့လက်ထဲက
အတွင်းခံကို အတင်း ဆွဲလုတော့တာပဲ "" အို့မိုး အို့မိုး ကြမ်းလှချည်လား "
" နင်သိလား....."
" ဘာမှမပြောရသေးပဲ ငါက ဘာသိရမှာတုန်း ! "
သူ(မ) စကားဦးသန်းနေတာကို တုံးတိကြီး ဖြတ်ချပစ်သည့် သူငယ်ချင်းမဟာ ဒီလိုတွေကြောင့် ရည်းစားဆိုတာ ဂြိုဟ်နဲ့လား ဖြစ်နေတာပေါ့ ။
" ငါ ပြောပြတာ နားထောင်ဦးလေ "
" အော် အင်း ~ အင်း ~ ပြော "
" ဆွဲလုလည်း လုပြီးသွားရော အစ်ကိုကြီးကလေ
ရှက်ဖို့ဘာညာထက် အဲ့အတွင်းခံကို ' သူ့ဟာပါ
သူ့ဟာပါ ' လို့ အသည်းသန်တွေ ငြင်းတာဟယ် "" ဟဲ့ အဲ့တာကြီးက အိုးမလုံ အုံပွင့်တာနော် ! "
" အေးလို့ဆို သူ့ဟာပါလို့ ငြင်းလိုက်ကတည်းက သူ့ဟာမဟုတ်မှန်း အရမ်းသိသာသွားပြီလေဟာ
အဲ့တာကို ဆက်တိုက်ကြီးဟယ် ငြင်းတာငြင်းတာဆိုတာ ငါ့မှာ စစချင်း သူငြင်းတာကို ကြည့်ပြီး ဘာမှကို မပြောနိုင်ဘူး ကြောင်နေတာ နောက်မှ.."
× × ×
ထို ထူးခြားဆန်းပြားလှသည့် ဒီဇိုင်းကာလာ အနေအထားဖြင့် ကျားသစ်ကွက်ဘောင်းဘီဟာ
ခါးနေရာ၌ အတော်အသင့် ကြီးသည့် ဆိုဒ်ရှိ၏ ။ အဲ့တာကို ခါးကျဥ်ကျဥ်လေးနဲ့ အစ်ကိုကြီးက သူ့ဟာပါလို့ ငြင်းနေခဲ့ခြင်းဟာ ရှီလာ့အတွက်တော့ စနောက်ချင်စရာ အလွန်ကောင်းနေတော့သည် ။" ဟီး ဆိုဒ်က အကြီးကြီးပဲနော် မထင်ရဘူး "
" ခင်ဗျာ ! "
" ခါး...ခါးဆိုဒ်ကိုပြောတာပါ အကြီးကြီးပဲလို့
ဒီတိုင်းကြည့်တော့ အဲ့လောက်ထိ မကြီးဘူးလေ "" အာ ~ ဟု...ဟုတ် "
ကိုယ့်ခါးကိုယ် လက်ပိုက်သလိုမျိုး ပွေ့ဖက်ထားသည့် အစ်ကိုကြီးက ရှီလာ့အမြင်ကို ထိုသို့ကွယ်လိုက်လျှင် သူ့ ခါးသေးသေးလေးကို မတွေ့လောက်တော့ဘူး ဟု ထင်နေပုံရသည် ။
ВЫ ЧИТАЕТЕ
ဘေးအိမ်က အစ်ကိုကြီးမှာ ဘဲရှိနေတယ်/ေဘးအိမ္က အစ္ကိုႀကီးမွာ ဘဲရိွေနတယ္( Completed )
Фанфикကိုယ့်ရှေ့က အဆင်ကိုပဲ ငမ်းမနေနဲ့ ! သူ့နောက်က ဆိုင်ရာကိုလည်း ကြည့်ဦး ! ကိုယ့်ရှေ့က အဆင်ကိုပဲ ငမ်းမနေနဲ့ ! သူ့နောက်က ဆိုင်ရာကိုလည်း ကြည့်ဉီး !