1.1

2.4K 280 141
                                    

Unicode

ရယ်လိုက်ရင် ချစ်ဖို့ကောင်းပြီး
ပြုံးလိုက်ရင် အရမ်းချောတယ် ။
ဒီတိုင်းလေးရပ်နေတောင် ခန့်ညားပုံပေါက်တဲ့
ဘေးအိမ်က အစ်ကိုကြီးမှာ ဘဲရှိနေတယ် ! ! !

" နင့်ဟာက ဟုတ်လို့လား ရှီလာရယ်
ဒီအဆင်က ဘယ်လိုလုပ် ဘဲရှိနိုင်မှာလဲ "

ပြတင်းကန့်လန့်ကာနောက်ကွယ်မှ ဘေးအိမ်တွင် ပန်းရေလောင်းနေသည့် အစ်ကိုကြီးအား ချောင်းကြည့်ပြီး ငိုသံဖြင့် ပြောလာသည့် သူငယ်ချင်းမကြောင့် ရှီလာကိုယ်တိုင်ပင် ငိုချင်ရက်လက်တို့ဖြစ်လာခဲ့သည် ။ အမှန်တရားက ရှယ်ခါးတာပဲ !

" အဲ့တာ ပြောတာပေါ့ ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ
ငါလည်း အခုထိ မယုံနိုင်သေးဘူး ဒီမျက်လုံးကြီး နှစ်လုံးနဲ့သာ ကိုယ်တိုင်မတွေ့ခဲ့ရင်လေ ဟင့် ~ "

သူ့စကားအဆုံး ကုတင်တစ်ဖက်ခြမ်းတွင် ၀င်ထိုင်လာသည့် သူငယ်ချင်းမက.....။

" နင် ညက တွေ့ခဲ့တာကို
ငါ့ကို သေချာ​​ ပြန်ရှင်းပြ ! "

" ငါ့ဘ၀ကို ပြောပြမယ်
ရယ်သံတွေ ခဏရပ်ပေးပါဦး "
______________________________

အချိန််အားဖြင့် ညသန်းခေါင်ယံကို ကျော်လွန်ပြီး
၁ နာရီပင်ထိုးချေတော့မည် ။ မအိပ်ရသေးသည့် ရှီလာတစ်ယောက် ဗိုက်ဆာတာကြောင့် ညလယ်စာ စားဖို့အတွက် ကုတင်ပေါ်မှ ဆင်းလာခဲ့သည် ။

! ဝုန်း !

ဘယ်အိမ်က အသံမှန်း မသိပေမဲ့ ဒီရက်ပိုင်း အမြဲလိုလိုကြားနေရသည့် တံခါးဆောင့်ပိတ်သံတွေက နွေဦး၏ လေရူးကြောင့် နေရာတိုင်းမှာ ဆူညံနေတော့သည် ။ ဒါပေမဲ့ ဒီတစ်ခေါက်အသံကတော့ တော်တော်ကျယ်လောင်တာမို့ လေပြင်းတိုက်နေတာဖြစ်နိုင်သည်ဟု ရှီလာ တွေးလိုက်မိ၏ ။

ထိုသို့ တွေးပြီးသည်နှင့် တစ်ပြိုင်နက် အောက်ထပ်မီးဖိုခန်းဆီ သွားမည့် ခြေလှမ်းတွေအား အခန်းပြတင်းပေါက် ဂျက်ကို စစ်ဆေးမည့် ခြေလှမ်းတွေအဖြစ် ပြောင်းလဲပစ်လိုက်သည် ။

အပေါ်ဂျက် ၊ အောက်ဂျက် သေချာစစ်ဆေးနေတုန်း ဘေးအိမ်ကို ဘာရယ်မဟုတ် ရှီလာ အကြည့်ရောက်မိသွား၏ ။ လူရိပ်တွေ့လိုက်သလိုပဲ ?

ဘေးအိမ်က အစ်ကိုကြီးမှာ ဘဲရှိနေတယ်/ေဘးအိမ္က အစ္ကိုႀကီးမွာ ဘဲရိွေနတယ္( Completed )Donde viven las historias. Descúbrelo ahora