6.6

1.7K 262 85
                                    

Unicode

" အယ် ! မောင်လေးတို့ပဲ
ကုတင်ဆင်လို့ ပြီးသွားပြီလား "

" ဟုတ် ပြီးသွားပြီဗျ အခုပဲ ပြန်တော့မလို့ "

" အော် "

" ဒါ...ဆို ခွင့်ပြုပါဦးဗျ "

" ဟင် ! အာ ! ဟုတ်သား ဖယ်ပေးမယ် ခဏ ! "

သူများအိမ်ပေါက်၀မှာ ပိတ်ရပ်သလိုဖြစ်နေတာကြောင့် ရှီလာလည်း နောက်ဆုတ်ကာ လမ်းဖယ်ပေးလိုက်တော့ ခေါင်းငြိမ့်ပြကာ ထွက်သွားကြသည့် ၀န်ထမ်းကောင်လေးတစ်သိုက်က သူ(မ)ကို အသီးသီး နှုတ်ဆက်လျက် ထွက်သွားကြသည် ။

ဒါပေမဲ့ တစ်ယောက်ကတော့ မနှုတ်ဆက်သည့်အပြင် သူ(မ)ထံ အကြည့်တစ်ချက်ပင် မပို့ပဲ ဦးထုပ်ကိုသာ ခပ်ငိုက်ငိုက်ဆောင်းထားလေသည် ။
သူ့ပုံစံက လူတွေနဲ့ သိပ်စကားမပြောချင်ပဲ အနေအေးတဲ့ ဟန်နှင့်ဆိုတော့ ရှီလာလည်း အမှုမှတ်အမှတ်မဲ့ဖြင့် ကျန်သည့် ၀န်ထမ်းကောင်လေးတွေကိုပဲ အလိုက်သင့်နှုတ်ဆက်နေလိုက်သည် ။

ထိုအချိန် နှာဖျားထိပ် ဝေ့သီလာသည့် ပြင်းရှရှ ရေမွေးနံ့တစ်ခု ! သူ(မ) တရင်းတနှီးသိသလိုပဲ !

ခြေတံရှည်သည့် ကောင်လေးတွေချည်းမို့ ခဏအတွင်းခြံပြင်ရောက်သွားသော ၀န်ထမ်းတစ်သိုက်ဆီ ရှီလာ ချက်ချင်းလိုက်ကြည့်မိ.....။

" ဟို ! ဟို ! ! ဟို ! ! ! "

အလောတကြီးဖြစ်နေသည့် အသံက ရုတ်တရက် အကြားအာရုံထဲရောက်လာတာမို့ အမြင်အာရုံအားဖြင့် ထိုနေရာဆီသို့ အလိုအလျောက်ရောက်သွားခဲ့သည် ။ ကြည့်လိုက်တော့ အိမ်ခန်းထဲမှ ပြေးထွက်လာသော ဘေးအိမ်က အစ်ကိုကြီးပင် ။

" ဟို...ဟို..ဘေးအိမ်က ညီမလေးမလား "

ဘုရားရေ ဒီလိုကြီး အနီးကပ်မြင်လိုက်ရတော့ မင်းသားရှုံးအောင် အရမ်းချောတာပဲ ! ကြည့်ရင်း
ရင်တွေပါ ခုန်လာနေပြီ ! ၀န်ခံရရင် ရှီလာ့ရင်က ရုပ်ချောတဲ့ အစ်ကိုကြီးတွေ အနားရောက်တိုင်း ကဆုန်ပေါက်သလို ခုန်တတ်တာ သဘာ၀ပါပဲ !

" ဟင်း..ဟင်းလာပို့တာလား "

သူ(မ)လက်ထဲမှ ထမင်းချိုင့်ဆီ လက်ညိုးထိုးပြလာသည့် အစ်ကိုကြီးကြောင့် ခေါင်းတစ်ချက်ငြိမ့်လိုက်တော့ အသံချိုချိုဖြင့် " အိမ်ထဲ၀င်ပါဦး " ဟု ဖိတ်ခေါ်လာခဲ့သည် ။

ဘေးအိမ်က အစ်ကိုကြီးမှာ ဘဲရှိနေတယ်/ေဘးအိမ္က အစ္ကိုႀကီးမွာ ဘဲရိွေနတယ္( Completed )Wo Geschichten leben. Entdecke jetzt