ဦးမုန်းသောကျေးကျွန်ဇနီးငယ်{part12}

3.7K 85 5
                                    

🌿ဦးမုန်းသောကျေးကျွန်ဇနီးငယ်🌿{Unicode}

{အပိုင်း၁၂}

"အကိုတောင်းပန်ပါတယ် သူဇာရယ်...အကို့သမီးလေးကိုသေသွားပြီလို့သူဇာပြောခဲ့တုန်းက အကို့ကိုမုန်းတီးလို့ပြောတဲ့စကားမှန်းမသိခဲ့ပဲအဟုတ်အမှတ်ယူခဲ့မိတယ် အကို့သမီးလေးသက်ရှိထင်ရှားရှိနေတာတောင် အကိုလိုက်မရှာခဲ့မိဘူး..."

မျက်ရည်များစီးကျလျှက် ဦးကောင်းထက်ကိုယ့်ကိုယ်ကိုအပြစ်တင်နေမိလေသည်။ သမီးဆီသူလိုက်သွားတော့ရော သမီးကသူ့ကိုလက်သင့်ခံပါ့မလား...အတွေးတို့နဲ့ ဦးကောင်းထက်စိတ်များရှုပ်ထွေးနေမိလေသည်။

"ဒယ်ဒီအခုထိမအိပ်သေးတာလား..."

စာကြည့်ခန်းထဲထိဝင်လာသည့်အက္ခရာမေကြောင့် ဦးကောင်းထက်မျက်ရည်များအလျှင်မြန်သုတ်လိုက်ရင်း...

"အခုပဲအိပ်တော့မလို့...ဒီအခန်းထဲထိဘာလာလုပ်တာလဲ"

ခပ်မာမာအသံကြောင့်အက္ခရာမေနှုတ်ခမ်းကိုဆက်ခနဲမဲ့ချပစ်လိုက်သည်။ဒီအခန်းထဲဝင်တာမကြိုက်မှန်းသိလို့ကိုတမင်ဝင်လာခြင်းပင်။

"သွားပြန်အိပ်တော့...နောက်တစ်ခါဒီအခန်းရှေ့ကနေဖြတ်တောင်မလျှောက်နဲ့..."

အက္ခရာမေဘာမှမပြောပဲပုခုံးကိုတွန့်လျှက်ပြန်ထွက်လာလိုက်သည်။

*အဟွန့်...စောင့်ကြည့်နေပါဒယ်ဒီ..မေက ဒယ်ဒီ့သွေးသားကို ဒယ်ဒီ့ဆီမရောက်လာအောင် ဘယ်လိုနည်းနဲ့တားရတားရတားပြမယ်....*

စိတ်ထဲကြုံးဝါးရင်းအက္ခရာမေအခန်းဘက်ပြန်လျှောက်လာလိုက်သည်။ ဒယ်ဒီ့ရဲ့သမီးဆိုသူကို ရအောင်ရှာပြီး ဒယ်ဒီနဲ့မတွေ့ဆုံနိုင်အောင်လုပ်ပစ်ရမည်။

>>>>>

အဝတ်စားများကိုမလဲဖြစ်သေးပဲ ရေစိုနေသည့်ဆံနွယ်များကိုတဘတ်ဖြင့်ပြောင်စင်အောင်အရင်သုတ်လိုက်သည်။

"ဟိတ်...."

"အမေ့!!.."

အနောက်ဖက်မှသိုင်းဖက်ခံလိုက်ရသည်မို့ လက်ထဲကရေသုတ်နေသည့်တဘတ်လေးဟာလွတ်ကျသွားရသည်။

ဦးမုန်းသောကျေးကျွန်ဇနီးငယ်Where stories live. Discover now