ဦးမုန်းသောကျေးကျွန်ဇနီးငယ်{part13}

3.3K 73 3
                                    

🌿ဦးမုန်းသောကျေးကျွန်ဇနီးငယ်🌿{Unicode}

{အပိုင်း၁၃}

"ဒယ်ဒီ...မေတောင်းပန်ပါတယ်"

အခန်းထဲမှာနှစ်ရက်တိတိနေပြီးနောက် မေ အခန်းထဲမှအပြင်ထွက်လာကာ ဒယ်ဒီ့ရှေ့မှာရိုကျိုးစွာထိုင်ရင်း တောင်းပန်စကားပြောလိုက်မိသည်။

"မေ့ကိုစွန့်ပစ်မှာကြောက်တဲ့စိတ်နဲ့ မေလုပ်မိတာအတွက် မေ ဒယ်ဒီ့ကိုတောင်းပန်ပါတယ် ဒယ်ဒီရယ် မေ့ကိုအဝေးကိုမပို့ပါနဲ့နော်!!.."

မျက်ရည်များစီးကျစွာပြောနေသည့်သမီးဖြစ်သူအက္ခရာမေကိုကြည့်ရင်း ဦးကောင်းထက်သက်ပြင်းရှည်ကြီးချလိုက်ရင်း

"ထတော့...ပြီးရင် သမီးကိုခေါ်လာပြီး တောင်းပန်ရမယ်"

"ဟင်!!..."

ဒယ်ဒီ့စကားကြောင့်မေ့မျက်နှာအတော်ပျက်သွားရသည်။

"ဒယ်ဒီ အဲ့တာကတော့...."

မေငြင်းဆန်သလိုပြောလိုက်တော့ ဒယ်ဒီက မေ့ကိုစိုက်ကြည့်လာသည်။

"မတောင်းပန်ချင်ရင်တော့ ထွက်သွားဖို့ပြင်ထား..."

"မဟုတ်...ဒယ်ဒီ..."

ဒယ်ဒီကမေ့ကိုစိတ်ပျက်လက်ပျက်ကြည့်ကာထွက်သွားရန်ပြင်သည်။

"မေ တောင်းပန်ပါ့မယ် ဒယ်ဒီ..."

ဒယ်ဒီမသွားခင်အဖြေကိုအမြန်ပေးလိုက်တော့မှ ဒယ်ဒီ့မျက်နှာဟာကျေနပ်သွားသလိုပင်။

မေကတော့မကျေနပ်နိုင်ပဲ နှုတ်ခမ်းကိုသာခပ်နာနာဖိကိုက်လိုက်တော့သည်။

>>>>>

"ထည်ဝါ မွန်းတို့ဒီနေ့ပဲပြန်တော့မယ်..."

ရုတ်တရက်လာနှုတ်ဆက်သည့်မွန်းကြောင့် ထည်ဝါစိတ်မကောင်းဖြစ်သွားမိပေမယ့်လဲ သူ့ဆုံးဖြတ်ချက်အတိုင်းသာရှေ့ဆက်ရမည်မို့ မွန်းအပေါ်ကိုခပ်စိမ်းစိမ်းသာနေလိုက်သည်။

"အင်း ကောင်းသားပဲ..."

ထည်ဝါ့အဖြေကြောင့်မွန်းဝမ်းနည်းမိသွားပေမယ့် ထည်ဝါ့ကိုအတက်နိုင်ဆုံးပြုံးပြ၍ စောင့်နေသည့်ဦးကားပေါ်တက်ကာ ထွက်လာခဲ့လိုက်တော့သည်။

ဦးမုန်းသောကျေးကျွန်ဇနီးငယ်Où les histoires vivent. Découvrez maintenant