ဦးမုန်းသောကျေးကျွန်ဇနီးငယ်{part1}

7.1K 114 13
                                    

🌿ဦးမုန်းသောကျေးကျွန်ဇနီးငယ်🌿{Unicode}

{အပိုင်း၁}

"သခင်မကြီး..သခင်မကြီး"

မနက်စောစောအိမ်တော်ထိန်းရဲ့အသံဟာ အိမ်အတွင်းပဲ့တင်ထပ်သွားရသည်။ ဒေါ်ရွှေခင်တစ်ယောက် အိမ်တော်ထိန်းရဲ့ဆူညံသည့်အသံကြောင့် အိပ်ယာမှလူးလဲထလိုက်သည်။

"ဘာဖြစ်လို့ဒီလောက်အော်နေရတာလဲ အိမ်တော်ထိန်း ဘာကိစ္စလဲ"

တံခါးကိုဖွင့်လိုက်ရင်း ပြန်အော်ကာမေးလိုက်တော့ အိမ်တော်ထိန်းဖြစ်တဲ့ဒေါ်ခိုင်မာမျက်နှာငယ်လေးဖြင့်ခေါင်းငုံ့ကာ တုန်ယင်သောအသံဖြင့် တစ်လုံးချင်းပြောလိုက်သည်။

"သူဇာပွင့် အခုတင်ဆုံးသွားပါတယ် သခင်မကြီး..."

"ဘာ!!...အဲ့ကိစ္စနဲ့ငါ့ကိုလာနှိုးစရာလား ငါအိပ်နေတာနင်မသိဘူးလား သွား သွား ရှုပ်ရှုပ်ယှက်ယှက်"

အကြင်နာတရားခေါင်းပါးလွန်းသည့်သူတစ်ယောက်နှယ် အိမ်တော်ထိန်းကိုပြန်ဟောက်လိုက်ရင်း အခန်းတံခါးကိုဝုန်းခနဲမြည်အောင်ပိတ်လိုက်သည်။

*အစေခံတစ်ယောက်သေတာကိုများ ရေးကြီးခွင်ကျယ်လုပ်ပြီး လာနှိုးနေရတယ် အံ့သြပါ့*

မကျေနပ်သလိုရေရွတ်ရင်း အိပ်ယာထက်ပြန်လှဲအိပ်လိုက်တဲ့ဒေါ်ရွှေခင်ပင်။

_×_×_×

"မေမေ....အီးဟီး မေမေရယ် မွန်းကိုအခုလိုထားသွားတော့ ဘယ်လိုလုပ်မလဲ မွန်းရှေ့ဆက်ပြီး ဘယ်လိုရပ်တည်ရပါ့မလဲ....အီးဟီး မေမေ ထပါအုံး မိန်းကိုထကြည့်ပါအုံး"

မွန်းရဲ့ငိုသံဟာအစေခံတန်းလျားတွင်ပဲ့တင်ထပ်သွားရုံတင်မက အိမ်မကြီးဆီထိပါပျံ့နှံ့သွားလေသည်။

"ကျစ်!!ဟာ ဘယ်သူကကျက်သရေမရှိမနက်စောစောငိုနေတာလဲ"

ညဘက်နောက်ကျမှပြန်ရောက်တာမို့ စောစောစီးစီးငိုနေသံက နားထဲသံရည်ပူလောင်းသလိုဖြစ်နေရကာ သူမအတွက် အဆင်မပြေလှပေ။ဒေါသတကြီး အိပ်ယာထက်မှငေါက်ခနဲထထိုင်မိကာ အပေါ်ထပ်မှ ညအိပ်ဝတ်စုံဖြင့်သာဆင်းလာလိုက်သည်။

ဦးမုန်းသောကျေးကျွန်ဇနီးငယ်Tempat cerita menjadi hidup. Temukan sekarang