🌿ဦးမုန်းသောကျေးကျွန်ဇနီးငယ်🌿{Unicode}
{အပိုင်း၁၁}
"ဦး...မွန်းသွားတော့မယ် အမေစိတ်ပူနေလိမ့်မယ်"
"ရတယ် ကိုယ်အမေ့ကိုဖုန်းဆက်ပြောလိုက်မယ်"
ဦးအနားကနေထွက်ပြေးချင်လောက်တဲ့အထိမွန်းရှက်ရွံ့နေတာမို့ အိမ်ပြန်ဖို့ပြောလိုက်ပေမယ့် ဦးကမည်သို့မှလက်မခံပဲ အမေ့ဆီဖုန်းခေါ်ကာ မွန်းညနေမှသူနဲ့အတူပြန်လာမှာဖြစ်ကြောင်းပြောနေသည်။
"ဦး...ထမင်းစားဖို့ကရောဟင်!!..."
"တစ်ဆိုင်ဆိုင်မှာပဲဝင်စားရအောင်လေ!!..."
မွန်းခေါင်းငြိမ့်ပြလိုက်ပေမယ့် ကြီးကျယ်သည့်ဆိုင်ကြီးတွေမှာမစားဝံ့ပေ။ ဟိုတစ်ခါကလိုဦးစိတ်ဆိုးမှာကြောက်မိသည်။
"လာ သွားရအောင်!!..."
မွန်းလက်ဖဝါးလေးကိုဆုပ်ကိုင်လိုက်သဖြင့် စိတ်ထဲကြည်နူးမိသွားသည်။ကုမ္ပဏီအပြင်ဘက်ထိရောက်သည်အထိမွန်းလက်ကလေးကိုလွှတ်မပေးသည့်အပြင် ကားပေါ်ထိပါဆုပ်ကိုင်ထားဆဲမို့ မွန်းအတော်ပင်ပျော်နေမိလေသည်။ဦးရဲ့ကားလေးဟာ ကုန်တိုက်တစ်ခုရှေ့ရပ်လိုက်ပြီး ကားပေါ်မှမွန်းကိုဆင်းစေကာ ကုန်တိုက်ထဲသို့လက်ကိုဆုပ်ကိုင်လျှက် ဝင်လာခဲ့ကျသည်။
*
*
*
"ဟေ့ရောင်ထည်ဝါ....ဟိုတစ်ယောက်က မွန်းမဟုတ်လား"သူငယ်ချင်းဖြစ်သူဇွဲမာန်ရဲ့စကားကြောင့် ထည်ဝါသောက်လက်စအအေးကိုရပ်တန့်ရင်းဇွဲမာန်ပြရာသို့လှမ်းကြည့်လိုက်သည်။
"ဟုတ်တယ်မဟုတ်လား..ထည်ဝါ"
ဇွဲမာန်ကဆက်မေးလာ၍ ထည်ဝါမျက်နှာလွှဲလိုက်ရင်း လက်ကျန်အအေးကိုမော့သောက်လိုက်သည်။
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"
ထည်ဝါမည်သို့မှမခံစားရသည့်ပုံဖြင့်ဇွဲမာန်အားပြန်ဖြေလိုက်သည်။ ဇွဲမာန်ကထည်ဝါ့မျက်နှာကိုကြည့်လိုက်ရင်း
"မွန်းဘေးကအမျိုးသားက မင်းဦးလေးမဟုတ်လား"
"အင်း..."
"သူတို့ကဘာတွေလဲထည်ဝါ..."
ဇွဲမာန်ကသိချင်ဇောဖြင့်မေးလာသည်။ ထည်ဝါ နှုတ်ခမ်းများကို ပြုံးလိုက်ရင်း
STAI LEGGENDO
ဦးမုန်းသောကျေးကျွန်ဇနီးငယ်
Storie d'amore"မယားငယ်ဆိုတဲ့နေရာကိုရော မွန်းကရောက်ချင်ပါ့မလား အဲနေရာက မွန်းအတွက် ငရဲလိုပဲ"