🌿ဦးမုန်းသောကျေးကျွန်ဇနီးငယ်🌿
{ဇာတ်သိမ်းပိုင်း}
"ဦးမိတ်သတိရလာပြီလား!!..."
သတိရရချင်းသူတွေ့လိုက်ရသူကထည်ဝါဖြစ်နေသည်မို့ စိုးရိမ်စိတ်ကငယ်ထိပ်ရောက်သွားရသည်။
"လလေး...လလေးကော...အဆင်ပြေရဲ့လား လလေးဘာဖြစ်သွားပြီလဲ...ငါသွားရမယ်"
လက်မှဆေးပိုက်များကိုဖြုတ်ရန်ကြိုးစားနေသည်မို့ ထည်ဝါအမြန်တားလိုက်ရသည်။
"မလုပ်ပါနဲ့ဦးမိတ်ရဲ့..မွန်းအဆင်ပြေပါတယ် အခုမှသတိရတာကို ငြိမ်ငြိမ်လေးနေပါအုံး"
"ဒါဆို...လလေးဘယ်မှာလဲ"
"မွန်းကအခု ခွဲခန်းရှေ့မှာ..."
"ဟင် ဘာလို့လဲ!!.."
ထည်ဝါဖြစ်ကြောင်းကုန်စင်အားလုံးပြောပြလိုက်သည်။အက္ခရာမေကိုပါတွေ့ခဲ့သည့်အကြောင်းပါပြောပြလိုက်တော့ဦးမိတ်မျက်နှာအတော်ပျက်သွားသည်။
"ငါ့ကိုလလေးဆီခေါ်သွားပေးထည်ဝါ..."
လက်မှဆေးပိုက်များကိုထပ်မံဆွဲဖြုတ်ရန်ပြင်နေသည်မို့ ထည်ဝါတားရပြန်သည်။
"ဦးမိတ်ကအခုမှသတိရတာမို့ ဒီဆေးပိုက်တွေကိုမဖြုတ်ပါနဲ့ ကျွန်တော်ခေါ်သွားပေးမယ် ခဏလေး"
ထည်ဝါကအခန်းအပြင်ထွက်သွားပြီးခဏအကြာ ဝှီးချဲယူလာ၍ သူ့ကိုဝှီးချဲပေါ်ထိုင်စေလိုက်ကာ ခွဲစိတ်ခန်းဘက်သို့ တွန်းလာပေးသည်။ ခွဲစ်တ်ခန်းရှေ့မှာတော့ မျက်နှာလေးငုံ့ကာ တစ်ရှုံ့ရှုံ့ရှိုက်ငိုနေသည့် မွန်းကိုတွေ့လိုက်ရတော့ မိတ်ရင်ထဲအတော်စိတ်မကောင်းဖြစ်သွားရသည်။
"လလေး.."
ခပ်တိုးတိုးခေါ်ရင်းအနားရောက်လာတော့ သူ့ကိုအံ့သြသလိုဖြင့်ကြည့်လာသည်။
"ဦး...ဦးသတိရလာပြီ...ဦးသတိရလာပြီး အီးဟီး"
သူ့လည်ပင်းကိုသိုင်းဖက်၍အော်ငိုလိုက်သည့်ကောင်မလေးကို ပြန်လည်ဖက်တွယ်ရင်း စိတ်မကောင်းဖြစ်နေမိသည်။
"ဘာလို့ဒီထ်လိုက်လာတာလဲ...ဦးအခုမှသတိရတာကို ဘာလို့များဒီအထိလိုက်လာရတာလဲ အင့် တစ်ခုခု အင့် တစ်ခုခုထပ်ဖြစ်သွားရင်ဘယ်လိုလုပ်မှာလဲ အခန်းဆီပြန်သွားပါနော် ဦး"
YOU ARE READING
ဦးမုန်းသောကျေးကျွန်ဇနီးငယ်
Romance"မယားငယ်ဆိုတဲ့နေရာကိုရော မွန်းကရောက်ချင်ပါ့မလား အဲနေရာက မွန်းအတွက် ငရဲလိုပဲ"