ဦးမုန်းသောကျေးကျွန်ဇနီးငယ်{part3}

4.2K 97 4
                                    

🌿ဦးမုန်းသောကျေးကျွန်ဇနီးငယ်🌿{Unicode}

{အပိုင်း၃}

လဲကျသွားသည့်မွန်းကိုယ်လေးကိုပွေ့ချီ၍ ထည်ဝါအိမ်ရှေ့အလျှင်မြန်ပြေးထွက်ခဲ့သည်။အိမ်ရဲ့ဒရိုက်ဘာကိုထေါ်ပြီး မွန်းကိုကားပေါ်အသာတင်ကာ ဆေးခန်းမောင်းရန်သေချာမှာပြီးသည်နှင့် အိမ်တော်ထိန်းကိုလှမ်းခေါ်လိုက်သည်။

"မွန်းကိုသေချာလေးစောင့်ရှောက်ပေးပါဒေါ်ကြီး..ခဏနေရင် ကျွန်တော်လိုက်လာခဲ့မယ်"

"ဟုတ်ကဲ့ပါထည်ဝါ..."

မွန်းနဲ့အတူလိုက်သွားရန်ပြောပြီးသေချာဂရုစိုက်ရန်အထပ်ထပ်မှာနေရသည်။ကားလေး ခြံဝန်းထဲကထွက်သွားမှ ထည်ဝါအိမ်ထဲပြန်ဝင်လာခဲ့သည်။

"ဦးမိတ်....ဒီအစေခံနဲ့အတူအိပ်ခဲ့တာက သူကမြူဆွယ်လို့မဟုတ်လားဟင်"

နှုတ်ခမ်းများတစ်ဆက်ဆက်တုန်ယင်ကာမေးနေပေမယ့် မေရဲ့နှလုံးသားလေးဟာ ကွဲကြေစပြုနေလေပြီ။

"မဟုတ်ဘူး....!! "

"ဟင်!!.."

ဦးမိတ်ရဲ့အဖြေဟာ မေ့အတွက် သိပ်ကိုနာကျင်စရာကောင်းတယ်ဆိုတာ ဦးမိတ်မသိတာလား။

"သူ့ကိုငါအမှားလုပ်ခဲ့မိလို့ ငါတာဝန်ယူရမယ် အက္ခရာမေ မင်းကတော့ ငါပြောထားတဲ့အတိုင်းကွာရှင်းဖို့အဆင်သင့်လုပ်ထားပါ"

"ဦးမိတ်..."

အာခေါင်ခြစ်၍အော်လိုက်သံက မိတ်နားများပင် ကွဲထွက်သွားတော့မည့်အလား။

"ဟဲ့..ဟဲ့ ဘာဖြစ်နေကျတာလဲ ဒါက"

ဒေါ်ရွှေခင်အောက်ထပ်မှဆူဆူညံညံအသံများကြောင့်ပြေးဆင်းလာရင်း မေးလိုက်သည်။

"အမေ!!..အမေ့သားက အစေခံမနဲ့အတူအိပ်တယ်!!.."

"ဘာ!!.."

ဒီတစ်ခါအော်လိုက်သူကအမေပင်။ တစ်ကယ်ပါပဲ အမေ့အော်သံနဲ့အက္ခရာမေအော်သံကြောင့်မိတ်နားများကန်းတော့မည်ထင်ရသည်။

"တစ်ကယ်ပဲလားမဟာမိတ်..."

"အမေကလဲဗျာ...ဖြည်းဖြည်းပြောပါကျွန်တော်နားကန်းတော့မယ်"

ဦးမုန်းသောကျေးကျွန်ဇနီးငယ်Donde viven las historias. Descúbrelo ahora