ဦးမုန်းသောကျေးကျွန်ဇနီးငယ်{part19}

3.5K 91 5
                                    

🌿ဦးမုန်းသောကျေးကျွန်ဇနီးငယ်🌿

{အပိုင်း၁၉}

"ဦး..ဒီမှာကြည့်"

ဦးလက်လေးကိုဆွဲရင်း မွန်းဗိုက်လေးပေါ်တင်လိုက်တော့ ဦးကနားမလည်သည့်ပုံဖြင့်ကြည့်လာသည်။

"ဘာဖြစ်လို့လဲဟင် လလေး ဗိုက်နာလို့လား"

"ဟင့်အင်း မဟုတ်ဘူးဦး...အခုလေ မွန်းဗိုက်ထဲမှာ ဦးနဲ့မွန်းရဲ့ရင်သွေးလေးရောက်နေပြီ"

"ဟင် ဘယ်လို!!..."

မွန်းအပြောကြောင့်စွံ့အသွားရင်း မျက်ဝန်းများဟာအံ့သြခြင်းဘက်သို့ ကူးပြောင်းသွားရသည်။

"လလေး...တစ်ကယ် တစ်ကယ်ပဲ"

"ဟုတ်တယ်ဦး!!...မွန်းဒီအကြောင်းပြောဖို့အမေ့ကိုသွားတွေ့ရင်း..."

မွန်းအသံကတိမ်ဝင်သွားကာ မျက်ရည်များကစီးကျလာသည်။

"လလေးရယ်..."

ပြန်တွေးမိတိုင်းသိပ်နာကျင်ရသည်မို့ ထိုအကြောင်းရာများကိုပြန်မတွေးချင်မိတာအမှန်ပါ။

အမေ့ကိုသွေးအိုင်ထဲမှာတွေ့လိုက်ရတဲ့မွန်းခဗျာ ဘယ်လောက်ထိကြောက်လန့်နေရှာမလဲ။ ဒါတွေကို သူကိုယ်ချင်းမစာပဲ Videoလေးတစ်ခုကြောင့်နဲ့ မွန်းအပေါ်အယုံကြည်မဲ့ခဲ့ရတယ်။ သိပ်ကြောက်နေမယ့်ကလေးကို ထွေးပွေ့နှစ်သိမ့်ပေးမယ့်အစား အဝေးကိုတွန်းထုတ်နေမိတယ်။ ထို့ကြောင့် သူ့ကိုယ်သူအပြစ်တင်မိပါသည်။ ဗိုက်ထဲမှာရင်သွေးလေးရှိနေလျှက်နဲ့ ဆိုးရွားတဲ့မြင်ကွင်းနဲ့ စိတ်ပျက်စရာအကျဥ်းထောင်ကြီးထဲမှာပိတ်မိနေတဲ့ သနားစရာကောင်မလေးဟာ ဘယ်လောက်များကြောက်နေရှာမလဲ။ ဘယ်လောက်များသူ့ကိုတမ်းတနေမလဲ။ ဒါတွေကိုသူကမသိခဲ့ပဲ သူမလေးကိုသာအပြစ်တွေအားလုံးတင်နေခဲ့မိတာ။ အခုချိန်ထိသူမလေးအပေါ်မှာယုံကြည်မှု့ဆိုသည့်အရာကို သူ့ဘက်ကအပြည့်အဝမပေးနိုင်သေးတာမို့ ပြန်တွေးမိတိုင်းသိပ်ရှက်ရသည်။ အကယ်၍ ထည်ဝါသာသူမလေးကိုမယုံကြည်ပဲသူ့လိုပဲပစ်ထားမယ်ဆိုရင် သူမလေးဟောဒီအကျဥ်းထောင်ကြီးထဲမှာ ပိတ်မိသွားမှာ။သူသာထည်ဝါ့လိုသူမလေးအပေါ် နည်းနည်းလောက်ထပ်ယုံကြည်ပေးခဲ့မိရင်...သူမလေးဘက်ကဘယ်လောက်တရားခံပါလို့ဝန်ခံနေပါစေ သူသာယုံကြည်ပေးခဲ့ရင် အခြေနေတွေဟာ ဒီလောက်ထိဆိုးရွားသွားမည်မထင်ပါ။

ဦးမုန်းသောကျေးကျွန်ဇနီးငယ်Where stories live. Discover now