Introduction

49 5 3
                                    

"သူ"

သူက အရမ်းစကားနည်းတယ်...
သူက အမြဲတမ်းလိုလိုတစ်ယောက်တည်းပဲ နေလေ့ရှိတယ်... သူက အရမ်းတောက်ပတဲ့အလင်းရောင်ကို သိပ်မနှစ်သက်သလိုပဲ... သူက စိုစွတ်တဲ့ရာသီဥတုကိုမုန်းတယ်... သူက သိပ်မရင်းနှီးတဲ့သူတွေကို သူ့ဘက်ကစပြီး မနှူတ်ဆက်တတ်ဘူး... သူက သူငယ်ချင်းတွေနဲ့အတူရှိနေချိန်တောင် သူများပြောတာပဲနားထောင်နေတတ်တဲ့သူမျိူးလေ...

လူတိုင်းမှာ သူတို့နဲ့အဆင်ပြေတဲ့နေထိုင်မှူပုံစံဆိုတာ ရှိကြတာပဲလေ...သူက အချိန်အကုန်ခံပြီး သူများတွေနဲ့ ရောရောနှောနှောမနေချင်ဘူး... ကျွန်တော်ကလည်း အခြားသူတွေအတွက် သူကိုယ့်ကိုယ်ကိုပြောင်းလဲမှာမလိုလားဘူး...

အင်း... ဒီလိုလေးပဲကောင်းပါတယ်...
ဒီလိုလေးပဲသူ့ဘေးနားမှာ ကျွန်​တော်အမြဲတမ်းရှိနေချင်တယ်... ဒီလိုလေးပဲ သူ့အချစ်ဆုံးသူက ကျွန်တော်ပဲ ဖြစ်စေချင်တယ်...
ဒီလိုလေးပဲ ကျွန်တော့်ကို သူအမြဲချစ်နေရင်ကောင်းမှာပဲ... ဒါပေမယ့်...

ကျွန်တော်... သူ့ဘေးမှာ မရှိနိုင်တော့အခါ...
ကျွန်တော့်ထက်ပိုပြီး သူ့ကိုချစ်တဲ့သူနဲ့တွေ့ဖို့ မျှော်လင့်ပါတယ်...

ဝမ်ယွမ်

***​***​***

"ချန်းချန်း"

"အင်း"

"မင်းငါ့ကို လွမ်းလားဟင်?"

"အင်း"

"ဘယ်လောက်လွမ်းလဲ?"

"အများကြီး"

"အများကြီးဆိုတာဘယ်လောက်လဲ"

"......"

"ချန်းရှီ"

"အင်း"

"ဟိုတခေါက်က မင်းငါ့ကိုပြောပြတဲ့ဟာသပြန်ပြောပြပါလား"

"SpongeBob နဲ့ PatrickStar တို့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သွားကြတယ်တဲ့"

"ချန်းရှီ"

"အင်း"

"ငါ... မင်းကိုအရမ်းချစ်တယ်"

ဝမ်ယွမ်
2008.06.11

***​***​***

"ခဏပဲစောင့်ပေး

ငါပြန်လာတဲ့အခါ ငါတို့အမြဲအတူရှိနေနိုင်ပြီ"

ရိရန်ချန်းရှီ
2008.06.11

***​***​***

"ငါ... ငါတောင်းပန်ပါတယ်..."

ဝမ်ကျွင့်ခိုင်
2008.06.11

***​***​***

ဝေးကွာပြီး တစိမ်းဆန်လွန်းတဲ့ပင်လယ်ပြင်ကနေ လေကြမ်းတွေလည်းတိုက်ခတ်လို့...
မင်းရဲ့ရယ်သံတွေကြားက ကြောက်လန့်မှူတွေကို ငါဘာလို့သတိမထားမိခဲ့တာလဲ...

မျှော်လင့်ချက်ကင်းမဲ့ဆုံးအချိန်မှာတောင် ငါ့ကိုချစ်တဲ့အကြောင်းပြောခဲ့သေးတယ်နော်...
မင်းကလေ သတ္တိသိပ်ရှိတဲ့ငကြောက်လေးပဲ သိလား
မင်းကို ငါဘယ်လောက်ချစ်တယ်ဆိုတာတစ်ခါမှမပြောဖူးသလိုပဲနော်...
ဒါပေမယ့်... တစ်နေ့တော့ ငါပြောမှာပါ...

ရိရန်ချန်းရှီ

***​***​***

"ချန်းရှီ"

"အင်း"

"မင်းဘာလို့ ဘာမှမပြောတာလဲ"

"......"

"ချန်းရှီ"

"အင်း"

"ရှေ့ဆက်လဲငါတို့ခုလိုပဲ အတူဆက်လျှောက်သွားကြမယ်နော်"

"အင်း"

ဝမ်ကျွင့်ခိုင်

သူ (qiankai)Where stories live. Discover now