"ယွဲ့ဖန်းရပ်ကွက်မှာနေတယ်...
မနက်၆နာရီ၁၀မိနစ်တိုင်း နံပါတ်(၁၄)ဘက်စ်ကားကိုစီးပြီး ကျောင်းလာတယ်၊ အပြန်လဲ၁၄ပဲစီးတယ်...
ခိုင်လုံတဲ့သတင်းရပ်ကွက်က သိရတာတော့ ပေကျင်းကပြောင်းလာတာတဲ့...
သီချင်းနားထောင်တာကြိုက်တယ်...အချမ်းကြောက်တယ်... ပူရှိန်းသကြားလုံး ကြိုက်တယ်... အရမ်း အေးတိအေးစက်နိုင်တယ်၊ ဒါပေမယ့်အရမ်းလဲ gentlemenဆန်တယ်...
အကအရမ်းကျွမ်းတယ်၊ ဂီတာလည်း တီးတတ်တယ်၊ လက်ရေးလဲ အရမ်းလှတယ်
ခဏခဏပင်လယ်နားသွားပြီး ခရု ကမာခွံတွေ သွားကြည့်တတ်တယ်...မွေးနေ့က ၁၁လပိုင်း၂၈ရက်"
"အမယ်လေးဟ!!!"
"ဝမ်ကျွင့်ခိုင် နင်ဘယ်လိုဖြစ်နေတာလဲ!"
အတန်းခေါင်းဆောင်တာ့ယွင်နားဝိုင်းပြီး သတင်းဝေမျှနေကြတဲ့မိန်းကလေးတသိုက် ရုတ်တရက်ရောက်လာပြီး ထအော်လိုက်တဲ့ဝမ်ကျွင့်ခိုင်ကြောင့် အလန့်တကြားဖြစ်ကုန်ကြတယ်
"နင်တို့ဘယ်သူ့အကြောင်းပြောနေကြတာလဲ
အသစ်ကောင်?""နင့်အပူပါလား!"
"အရူးမတွေ!
ပြီးတော့ညိုတာ့ယွင် ခလေးမလေးတွေအရူးထတာတောထ့ားလိုက်ပါတော့
နင့်လိုကျားကျားယားယားကြီးကဘယ်လိုဖြစ်ပြီး သူတို့နဲ့လိုက်အရူးထနေတာလဲ""သွားစမ်းဝမ်ကျွင့်ခိုင်! နင်နာနေချင်နေပြီလား!"
...ဒင်းဒေါင်...
အခန်းထဲဝင်လာတဲ့ဘွားတော်က သန့်ရှင်းရေးလုပ်ပြီးပြန်လာတဲ့ ရိရန်ချန်းရှီကိုတွေ့တော့
"မင်းကဘယ်လိုဖြစ်ပြီး နောက်ကျနေတာလဲ?"
"...ကျောင်းဝန်းကနည်းနည်းကျယ်တော့ နောက်ကျသွားတာပါ"
ဘွားတော်က နောက်တန်းမှာထိုင်နေတဲ့ ယောကျ်ားလေးတွေကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခုခုကိုခန့်မှန်းမိသွားသလိုမျိူးနဲ့
"ကဲ ဝင်တော့ဝင်တော့"
ကျောင်းဆင်းချိန်ဘဲလ်သံကြားတော့ မှောက်အိပ်နေတဲ့ဝမ်ကျွင့်ခိုင် ချက်ချင်းထလာပြီး
YOU ARE READING
သူ (qiankai)
Fanfictionအရမ်းမလှပတဲ့ ဆယ်ကျော်သက်ဘဝတွေ... ဘဝရဲ့အကောင်းဆုံးအရာတွေအားလုံးကို သူအချစ်ရဆုံးသူကို ပေးခဲ့တဲ့ ကောင်လေးတစ်ယောက် မျက်စိရှေ့ကသူကို ချစ်နေမိတာဟာ ရင်ဘက်အနက်ရှိုင်းဆုံးတစ်နေရာမှာ ရှိနေတဲ့သူအပေါ် အပြစ်ရှိသလို ခံစားနေရတဲ့ ကောင်လေးတစ်ယောက် ဘဝကိုရေစုန်မြောနေ...