နမ်ချန်မြို့က လူဦးရေတစ်သိန်းတောင်မပြည့်တဲ့ ပင်လယ်ကမ်းစပ်မြို့လေးတစ်မြို့... တစ်မူထူးခြားတဲ့ သဘာဝရှူခင်းတွေနဲ့လှပနေတယ်ဆိုပေမယ့် စီးပွားရေးအရတော့အရမ်းဖွံ့ဖြိုးလှတယ်မဟုတ်ဘူးပေါ့... တစ်နေ့ဒီနေရာကနေ ထွက်သွားနိုင်ဖို့က ဝမ်ကျွင့်ခိုင်ရဲ့ဆန္ဒပဲ...
လေးတန်းမြောက်ပြတင်းပေါက်ဘေးနားမှာ ထိုင်နေတဲ့ကျောင်းသားက ဒီနှစ်မှဝမ်ကျွင့်ခိုင်တို့အတန်းကို ပြောင်းလာတဲ့ ကျောင်းသားသစ်ပေါ့... လက်ရှည်စွယ်တာအင်္ကျီတစ်ထည် အမြဲလိုလိုဝတ်ထားတတ်တယ်... ကမ်းစပ်မြို့ဆိုပေမယ့် ပူပြီးစိုထိုင်းထိုင်းရာသီဥတုရှိတဲ့နမ်ချန်မို့က ဆောင်းရာသီတောင် သိပ်အေးတာမဟုတ်ဘူး...
ဒါ့ကြောင့် စွယ်တာအကျီအမြဲဝတ်ထားတတ်တဲ့ကျောင်းသားသစ်ကို ဝမ်ကျွင့်ခိုင်တစ်ယောက် အတော်လေးကြည့်မရဘူး..."ဟေ့! အသစ်ကောင်"
ဝမ်ကျွင့်ခိုင်တို့ကတော့ နေ့စဉ်တာဝန်အရ ပြဿနာရှာနေပြန်ပြီလေ
"မင်း နေရောင်ကိုကာထားတော့ ငါအိပ်ရတာချမ်းနေပြီ"
လောထင်ရှင့်တစ်ယောက် ပြဿနာရှာနေတဲ့ဝမ်ကျွင့်ခိုင်နဲ့ဘာတစ်ခွန်းမှပြန်မပြောတဲ့ ကျောင်းသားသစ်ကိုကြည့်ပြီးစိတ်ပျက်သလိုသက်ပျင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး
"ဝမ်ကျွင့်ခိုင် မင်းတော်ရုံပဲကောင်း...""ဟေ့ ရီမျိူးနွယ်ကောင်လေး!"
"ဝမ်ကျွင့်ခိုင် နင်တော်ရုံပဲကောင်းမယ်!
သူ့ကိုနေ့တိုင်းပြဿနာရှာနေရအောင် သူလာပြီးနောက်ပိုင်း သူကနင့်ထက်ပိုပြီးနာမည်ကြီးနေလို့ မနာလိုဖြစ်နေတာလား"
ဒီစကားကိုပြောတဲ့သူက အထက်တန်းနောက်ဆုံးနှစ်အခန်း(၇)က အတန်းခေါင်းဆောင် (EC) တာ့ယွင်တာ့ယွင်မို့လို့လည်း ဒီစကားပြောရဲတာပေါ့... မိန်းကလေးကလည်းဖြစ်ပြန်၊ အလယ်တန်းထဲက လည်ပင်းဖက်ပေါင်းလာတာဆိုတော့ ဝမ်ကျွင့်ခိုင်တို့ ဘာမှထမလုပ်တာ... တခြားလူသာဆို ခုချိန်မျက်နှာဖူးယောင်သွားလောက်ပြီ
"ဘာဖြစ်တယ်! ငါက...သူ့ကို...မနာလိုဘူး?!? မနောက်စမ်းပါနဲ့ တာ့ယွင်ရာ"
YOU ARE READING
သူ (qiankai)
Fanfictionအရမ်းမလှပတဲ့ ဆယ်ကျော်သက်ဘဝတွေ... ဘဝရဲ့အကောင်းဆုံးအရာတွေအားလုံးကို သူအချစ်ရဆုံးသူကို ပေးခဲ့တဲ့ ကောင်လေးတစ်ယောက် မျက်စိရှေ့ကသူကို ချစ်နေမိတာဟာ ရင်ဘက်အနက်ရှိုင်းဆုံးတစ်နေရာမှာ ရှိနေတဲ့သူအပေါ် အပြစ်ရှိသလို ခံစားနေရတဲ့ ကောင်လေးတစ်ယောက် ဘဝကိုရေစုန်မြောနေ...