"အား!!!......"
ရုတ်တရက်ထအော်လိုက်တဲ့ ဝမ်ယွမ်ရဲ့အသံကြောင့် တစ်ခန်းလုံးကကျောင်းသားတွေ လှည့်ကြည့်ကုန်ကြတယ်
"နင်ရူးနေပြီလား!" အတူတူထိုင်တဲ့ကောင်မလေးက စိတ်ရှူပ်ရှူပ်နဲ့ တစ်ခွန်းထငေါက်လိုက်တယ်
"ဟင်း....."
"ခဏနေဆို ကျောင်းဆင်းတော့မှာနော်"
"အေး"
"ဒီနေ့ ၂၈ရက်နော်?"
"နင်တော်တော်ရှူပ်တာပဲ ဝမ်ယွမ်"
...ဒင်းဒေါင်...
"ဟဲ့ဝမ်ယွမ်! လက်ဆောင်ယူသွားဖို့မမေ့နဲ့ဦးနော်"
"ငါသူ့ဆီသွားမယ်လို့ နင့်ကိုဘယ်သူပြောလဲ!"
"အေးပါဟယ် အေးပါ ဟားဟား"
အပြန်လမ်းမှာ ဝမ်ယွမ်တစ်ယောက် ပါးစပ်ကလည်းပွစိပွစိနဲ့ တစ်ယောက်တည်းရေရွတ်လာတယ်
"ငါမမှားပါဘူး ငါကဘာလို့တောင်းပန်ရမှာလဲ
ဘာလို့အမြဲတမ်း ငါကပဲစပြီးပြန်ခေါ်ရမှာလဲ..."ဒါပေမယ့်... တစ်နှစ်မှာNovemberက တစ်လပဲရှိတာ...
Novemberမှာလည်း ၂၈ရက်ကတစ်ရက်ပဲရှိတာနော်..."ဟာတော်ပြီကွာ မတွေးတော့ဘူး
သူ့မှာ ငါ့လိုသူငယ်ချင်းမျိူးမလိုအပ်ပါဘူး..."
ဝမ်ယွမ်အတွေးတွေက လွန်ခဲ့တဲ့နှစ်ရက်ကို ပြန်ရောက်သွားတယ်...
"ယွမ်လေး"
"....."
"ဝမ်ယွမ်"
"......"
"ဝမ်ယွမ်!"
"အင်! ငါ...ငါအိပ်မငိုက်ပါဘူး... အဖြေစဉ်းစားနေတာ"
"မင်းအရမ်းပင်ပန်းနေလို့လား"
"မ... မဟုတ်ပါဘူး"
"ဝမ်ယွမ် မင်းဒီလိုဆက်သွားနေလို့မဖြစ်ဘူး
ကိုယ့်အမှတ်ကိုကိုယ်ပြန်ကြည့်ဦး""တိုးလာတယ်လေ"
"ဘာလဲ ၆မှတ်လား? ၄၁ကနေ ၄၇ဖြစ်လာတာ မင်းကကျေနပ်နေတယ်ပေါ့"
"ဒါပေမယ့် ဒီတစ်ခေါက်ကပိုခက်တယ်လေ"
"......"
YOU ARE READING
သူ (qiankai)
Fanfictionအရမ်းမလှပတဲ့ ဆယ်ကျော်သက်ဘဝတွေ... ဘဝရဲ့အကောင်းဆုံးအရာတွေအားလုံးကို သူအချစ်ရဆုံးသူကို ပေးခဲ့တဲ့ ကောင်လေးတစ်ယောက် မျက်စိရှေ့ကသူကို ချစ်နေမိတာဟာ ရင်ဘက်အနက်ရှိုင်းဆုံးတစ်နေရာမှာ ရှိနေတဲ့သူအပေါ် အပြစ်ရှိသလို ခံစားနေရတဲ့ ကောင်လေးတစ်ယောက် ဘဝကိုရေစုန်မြောနေ...