Chapter-12

14 3 9
                                    

"ညီလေးခဏလောက်!"
တစ်ခုလောက် အကူအညီတောင်းချင်လို့ပါ

ညီလေး!"

သူ့ကိုခေါ်နေတာမှန်းသိပေမယ့် ဝမ်ကျွင့်ခိုင်ခြေလှမ်းတွေရပ်တန့်မသွားခဲ့ဘူး... ဘွားတော်ချိန်လဲဖြစ်၊ သူကိုယ်တိုင်ကလည်း အိပ်ရာထနောက်ကျလာတာကိုး...
ဝမ်ကျွင့်ခိုင်အရေးမလုပ်တော့ ကောင်လေးကအတင်းပြေးလိုက်ပြီး

"ညီလေးခဏလေးပါ!"

"ကျွန်တော်မအားဘူး!"

"ကူညီပါငါ့ညီရယ် မင်းတို့ကျောင်းက အပြင်လူပေးမဝင်တာ မဟုတ်ဘူး... ဒါလေးကို မင်းတို့ကျောင်းကတ​စ်ယောက်ကိုပေးချင်လို့ပါ..."

ကြည့်လိုက်တော့... နီရဲနေတဲ့နှင်းဆီပန်းတစ်စည်း ရင်မှာပိုက်လို့... ပိုသေချာအောင်ပြောရရင်... ဧရာမပန်းစည်းကြီး...

"ကျွန်တော်အချိန်မရဘူး!"

ဝမ်ကျွင့်ခိုင်လှည့်ထွက်မယ်အလုပ်
"ရိရန်ချန်းရှီ! ရိရန်ချန်းရှီကိုပေးချင်လို့! မင်းသိရင်တောင်သိနေမှာ"

ဝမ်ကျွင့်ခိုင်ခြေလှမ်းတွေ ချက်ချင်းရပ်တန့်သွားတယ်

"ဘယ်သူ!?!"

"ရိရန်ချန်းရှီလေ
ကူညီပါ ငါ့ညီရယ်"

"........"

ဝမ်ကျွင့်ခိုင်ကြောင်အမ်းအမ်းဖြစ်နေတာကို အခွင့်ကောင်းယူပြီး ကောင်လေးကနှင်းဆီပန်းစည်းကို သူ့လက်ထဲဆီထိုးအပ်လိုက်တယ်

"ကျေးဇူးပဲကွာ ငါ့ညီ
နောက်အစ်ကို့ပန်းဆိုင်ကိုလာရင် ဈေးလျှော့ပေးမယ်နော်"

ပြောပြီးထွက်သွားတဲ့ ကောင်လေးနောက်ကျောကိုကြည့်ပြီး ဝမ်ကျွင့်ခိုင်တစ်ခွန်းရေရွတ်လိုက်တယ်

"ဘယ်သူကသူ့ညီမို့လို့လဲ ဟွန်း!"

***

"ဝင်ခွင့်ပြုပါ!"

"ဝမ်ကျွင့်ခိုင်နင်ဟာလေ..."

မျက်နှာကနှင်းဆီပန်းစည်းနဲ့ဖုံးနေတဲ့ ဝမ်ကျွင့်ခိုင်ကိုမြင်တော့ ဘွားတော်လန့်ပြီးအဆူရပ်သွားတယ်...

"ဝင်... ဝင်လာခဲ့"

တစ်ခန်းလုံးက ကျောင်းသားတွေရဲ့အကြည့်က ဝမ်ကျွင့်ခိုင်ဆီရောက်နေတယ်... ဝမ်ကျွင့်ခိုင်ကတော့ ဘာမှမဖြစ်သလိုဝင်လာလိုက်တယ်...
ရိရန်ချန်းရှီခုံနားရောက်တော့ ပန်းစည်းကိုရင်ခွင်ပစ်ချလိုက်တယ်... ပြီးတော့ ကိုယ့်ခုံကိုယ်သွားပြီး ထုံးစံအတိုင်းမှောက်အိပ်နေလိုက်တယ်... အစပိုင်းက ဝမ်ကျွင့်ခိုင်ဆီရောက်နေတဲ့အကြည့်တွေက ချက်ချင်းဆိုသလို ရိရန်ချန်းရှီအပေါ်ရောက်သွားတော့တာပဲ...

သူ (qiankai)Where stories live. Discover now