ရေချိူးပြီးတော့ခေါင်းသုတ်ရင်း ဧည့်ခန်းကို ဝမ်ကျွင့်ခိုင်ထွက်လာတယ်... ရိရန်ချန်းရှီအိမ်မှာ အိမ်စီးဖိနပ်ဆိုလည်းနှစ်ရံ၊ သွားတိုက်တံ ကိုယ်သုတ်ပုဝါဆိုလည်း နှစ်စုံစီ၊ အစစအရာရာ နှစ်ယောက်စာရှိနေတာကိုဝမ်ကျွင့်ခိုင်စိတ်ထဲမှာ တစ်မျိူးဖြစ်လာတာနဲ့ မေးကြည့်လိုက်တယ်...
"မင်းကတစ်ယောက်တည်းနေတယ်ဆိုတာ ကျိန်းသေရဲ့လား?"
"အင်း... နှစ်ယောက်စာပြင်တာ အကျင့်ဖြစ်နေလို့"
"ကြောင်တောင်တောင်နဲ့..."
စိတ်တိုင်းမကျဖြစ်သွားတဲ့ဝမ်ကျွင့်ခိုင် ဆိုဖာပေါ်ပစ်ထိုင်ချလိုက်ပြီး TVကိုကြည့်ချင်စိတ်မရှိပေမယ့် ဖွင့်ထားလိုက်တယ်...
"မင်းသွားအိပ်တော့"
"လက်"
ရိရန်ချန်းရှီလက်ကမ်းပေးတော့ ဝမ်ကျွင့်ခိုင်နည်းနည်း ကြောင်တောင်တောင်ဖြစ်သွားတယ်ထင်ပါ့ရဲ့...
"ဟမ်"
"လက်ပေးလို့"
"အော..."
ရောင်နေတဲ့နေရာကို လိမ်းဆေးနဲ့ဖွဖွလေး အသားထဲစိမ့်ဝင်အောင် စိတ်ရှည်လက်ရှည်လိမ်းပေးနေတဲ့ရိရန်ချန်းရှီကြောင့် ဝမ်ကျွင့်ခိုင်နည်းနည်းအနေရခက်သွားတယ်...
"ရပြီ...မင်းသွားအိပ်တော့လေ"
"ဘာကြီး"
"အိမ်မှာ ကုတင်ကတစ်ခုပဲရှိတာ"
"မင်းပဲအိပ်... ပြီးတော့ ငါက ညဘက်တွေအိပ်ပျော်တာ မဟုတ်ဘူး... သွားသွားသွား အိပ်တော့! ငါTVကြည့်နေတာ မနှောက်ယှက်နဲ့!"
"ရေခဲသေတ္တာထဲမှာ မုန့်တွေ သောက်စရာတွေရှိတယ်... ဗိုက်ဆာရင်ယူစား"
"အင်းအင်း"
ရိရန်ချန်းရှီဘာမှဆက်မပြောတော့ဘဲ အိပ်ခန်းထဲကိုလမ်းလျှောက်သွားလိုက်တယ်...
"မီးလေးပိတ်ပေးခဲ့ဦး!"
မီးပိတ်လိုက်တဲဧည့်ခန်းက တင်္ဒကအတွင်း အမှောင်ကျသွားတယ်... TVကထွက်လာတဲ့ အလင်းတန်းမှိန်မှိန်တွေကတော့ တဖျက်ဖျက်နဲ့ပေါ့...
YOU ARE READING
သူ (qiankai)
Fanfictionအရမ်းမလှပတဲ့ ဆယ်ကျော်သက်ဘဝတွေ... ဘဝရဲ့အကောင်းဆုံးအရာတွေအားလုံးကို သူအချစ်ရဆုံးသူကို ပေးခဲ့တဲ့ ကောင်လေးတစ်ယောက် မျက်စိရှေ့ကသူကို ချစ်နေမိတာဟာ ရင်ဘက်အနက်ရှိုင်းဆုံးတစ်နေရာမှာ ရှိနေတဲ့သူအပေါ် အပြစ်ရှိသလို ခံစားနေရတဲ့ ကောင်လေးတစ်ယောက် ဘဝကိုရေစုန်မြောနေ...