Chapter-3

15 3 2
                                    

"တော်ပြီ ထားလိုက်တော့... မလိုက်နဲ့တော့"

"အစ်ကိုဟုန် ဒီအတိုင်းပဲလွှတ်ပေးလိုက်တော့မှာလား"

ကောင်လေးက အမှောင်ထုထဲ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ကျောပြင်နှစ်ခုကိုကြည့်နေရင်း ခဏလောက်ငြိမ်ကျသွားပြီးမှ
"နောက်တွေ့ကြဦးမှာပေါ့ကွာ"

***

"ငါ့ကိုလွှတ်!"

သတိပြန်ဝင်လာတဲ့ဝမ်ကျွင့်ခိုင် သူ့လက်ကိုဖမ်းဆုပ်ထားတဲ့ ရိရန်ချန်းရှီရဲ့လက်ကနေ ရုန်းထွက်လိုက်ပြီး

"မင်းကို ဘယ်သူကကူညီခိုင်းလို့လဲ!"

"ရပါတယ် အားမနာပါနဲ့"

"မင်းကို ဘယ်သူကကျေးဇူးတင်နေလို့လဲ!
ရန်ဖြစ်တိုင်း ငါတစ်ခါမှ ထွက်မပြေးဖူးဘူးကွ!
အခုကိစ္စသာပြန့်သွားရင် ငါဘယ်လောက်အဟားခံရမယ်လို့ မင်းထင်လဲ!"

ရိရန်ချန်းရှီက ဘက်စ်ကားဂိတ်ဆီဦးတည်နေတဲ့ ခြေလှမ်းတွေကိုရပ်လိုက်ပြီး ဝမ်ကျွင့်ခိုင်ဘက်ကို ပြန်လျှောက်လာလိုက်တယ်

"တောဘုရင်ဖြစ်တဲ့ခြင်္သေ့တောင်မှ ခွေးရူးအုပ်စုနဲ့တွေ့ရင် ပြေးရကောင်းမှန်းသိတယ်...
ဒါတောင် သူကအသိဉာဏ်ပြည့်ဝတဲ့ လူမဟုတ်ဘူး"

"ဘာကြီးလဲ?"
လက်ထဲကြည့်လိုက်တော့... အနာကပ်ပလာစတာတွေ...

သူ့လက်ထဲကပလာစတာကိုကြည့်လိုက် ၁၄ကားပေါ်တက်သွားတဲ့ ရိရန်ချန်းရှီကိုကြည့်လိုက်နဲ့ ခေါင်းထဲအတွေးတစ်ခုဝင်လာတယ်
"ငါအစော်ကားခံလိုက်ရလိုပဲ..."

*****

နောက်တစ်နေ့ မနက်ကျောင်းရောက်တော့ စာသင်ခန်းထဲဝင်ဖို့ပြင်နေတဲ့ ရိရန်ချန်းရှီကို ဝမ်ကျွင့်ခိုင်လှမ်းတွေ့လိုက်တယ်... ဝမ်ကျွင့်ခိုင်ရဲ့အကြည့်က စာရွက်ကိုင်ထားတဲ့ရိရန်ချန်းရှီရဲ့ လက်ပေါ်ရောက်သွားတယ်...
ဖြူနုနုလက်ပေါ်မှာ ညိုမည်းရာတွေထင်းလို့...

"ဟေ့ အသစ်ကောင်"

ရိရန်ချန်းရှီပြန်လှည့်ကြည့်လိုက်တော့

"ဟိုဟာလေ... မနေ့ညက..."
အမှားလုပ်မိတဲ့ကလေးတစ်ယောက်လို အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတဲ့ သူ့ကိုယ်သူလည်းအံ့ဩမိတယ်...
"ဘာမှမဟုတ်တော့ဘူး... အခန်းထဲဝင်မို့မလား ဝင် ဝင်"

သူ (qiankai)Where stories live. Discover now