"သူ"
သူက အရမ်းစကားနည်းတယ်...
သူက အမြဲတမ်းလိုလိုတစ်ယောက်တည်းပဲ နေလေ့ရှိတယ်... သူက အရမ်းတောက်ပတဲ့အလင်းရောင်ကို သိပ်မနှစ်သက်သလိုပဲ... သူက စိုစွတ်တဲ့ရာသီဥတုကိုမုန်းတယ်... သူက သိပ်မရင်းနှီးတဲ့သူတွေကို သူ့ဘက်ကစပြီး မနှူတ်ဆက်တတ်ဘူး... သူက သူငယ်ချင်းတွေနဲ့အတူရှိနေချိန်တောင် သူများပြောတာပဲနားထောင်နေတတ်တဲ့သူမျိူးလေ...လူတိုင်းမှာ သူတို့နဲ့အဆင်ပြေတဲ့နေထိုင်မှူပုံစံဆိုတာ ရှိကြတာပဲလေ...သူက အချိန်အကုန်ခံပြီး သူများတွေနဲ့ ရောရောနှောနှောမနေချင်ဘူး... ကျွန်တော်ကလည်း အခြားသူတွေအတွက် သူကိုယ့်ကိုယ်ကိုပြောင်းလဲမှာမလိုလားဘူး...
အင်း... ဒီလိုလေးပဲကောင်းပါတယ်...
ဒီလိုလေးပဲသူ့ဘေးနားမှာ ကျွန်တော်အမြဲတမ်းရှိနေချင်တယ်... ဒီလိုလေးပဲ သူ့အချစ်ဆုံးသူက ကျွန်တော်ပဲ ဖြစ်စေချင်တယ်...
ဒီလိုလေးပဲ ကျွန်တော့်ကို သူအမြဲချစ်နေရင်ကောင်းမှာပဲ... ဒါပေမယ့်...ကျွန်တော်... သူ့ဘေးမှာ မရှိနိုင်တော့အခါ...
ကျွန်တော့်ထက်ပိုပြီး သူ့ကိုချစ်တဲ့သူနဲ့တွေ့ဖို့ မျှော်လင့်ပါတယ်...ဝမ်ယွမ်
*********
"ချန်းချန်း"
"အင်း"
"မင်းငါ့ကို လွမ်းလားဟင်?"
"အင်း"
"ဘယ်လောက်လွမ်းလဲ?"
"အများကြီး"
"အများကြီးဆိုတာဘယ်လောက်လဲ"
"......"
"ချန်းရှီ"
"အင်း"
"ဟိုတခေါက်က မင်းငါ့ကိုပြောပြတဲ့ဟာသပြန်ပြောပြပါလား"
"SpongeBob နဲ့ PatrickStar တို့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သွားကြတယ်တဲ့"
"ချန်းရှီ"
"အင်း"
"ငါ... မင်းကိုအရမ်းချစ်တယ်"
ဝမ်ယွမ်
2008.06.11*********
"ခဏပဲစောင့်ပေး
ငါပြန်လာတဲ့အခါ ငါတို့အမြဲအတူရှိနေနိုင်ပြီ"
ရိရန်ချန်းရှီ
2008.06.11*********
"ငါ... ငါတောင်းပန်ပါတယ်..."
ဝမ်ကျွင့်ခိုင်
2008.06.11*********
ဝေးကွာပြီး တစိမ်းဆန်လွန်းတဲ့ပင်လယ်ပြင်ကနေ လေကြမ်းတွေလည်းတိုက်ခတ်လို့...
မင်းရဲ့ရယ်သံတွေကြားက ကြောက်လန့်မှူတွေကို ငါဘာလို့သတိမထားမိခဲ့တာလဲ...မျှော်လင့်ချက်ကင်းမဲ့ဆုံးအချိန်မှာတောင် ငါ့ကိုချစ်တဲ့အကြောင်းပြောခဲ့သေးတယ်နော်...
မင်းကလေ သတ္တိသိပ်ရှိတဲ့ငကြောက်လေးပဲ သိလား
မင်းကို ငါဘယ်လောက်ချစ်တယ်ဆိုတာတစ်ခါမှမပြောဖူးသလိုပဲနော်...
ဒါပေမယ့်... တစ်နေ့တော့ ငါပြောမှာပါ...ရိရန်ချန်းရှီ
*********
"ချန်းရှီ"
"အင်း"
"မင်းဘာလို့ ဘာမှမပြောတာလဲ"
"......"
"ချန်းရှီ"
"အင်း"
"ရှေ့ဆက်လဲငါတို့ခုလိုပဲ အတူဆက်လျှောက်သွားကြမယ်နော်"
"အင်း"
ဝမ်ကျွင့်ခိုင်
YOU ARE READING
သူ (qiankai)
Fanfictionအရမ်းမလှပတဲ့ ဆယ်ကျော်သက်ဘဝတွေ... ဘဝရဲ့အကောင်းဆုံးအရာတွေအားလုံးကို သူအချစ်ရဆုံးသူကို ပေးခဲ့တဲ့ ကောင်လေးတစ်ယောက် မျက်စိရှေ့ကသူကို ချစ်နေမိတာဟာ ရင်ဘက်အနက်ရှိုင်းဆုံးတစ်နေရာမှာ ရှိနေတဲ့သူအပေါ် အပြစ်ရှိသလို ခံစားနေရတဲ့ ကောင်လေးတစ်ယောက် ဘဝကိုရေစုန်မြောနေ...