1

691 63 79
                                    

Bd Present for-  Phyo_Haruwoo05

AD 677ခုနှစ်ကို အခြေခံပါသည်

"မင်းကြီး .. နိဟွန်းကဆက်သလိုက်တဲ့ မင်းသား ဒီညနေမှာ ရောက်ရှိပါ့မယ်"

အထိန်းတော်ကြီး စကားကိုကြားတော့ Jeongwoo စိတ်ရှုပ်စွာ သက်ပြင်းမှုတ်ထုတ်မိသည်။

နန်းတက်ပီးကတည်းက စစ်ပွဲတွေနဲ့ နိုင်ငံကို ထိန်းသိမ်းလာခဲ့ရပီး လွန်ခဲ့သည့် လအနည်းငယ်ကမှ ငြိမ်းချမ်းရေးရသည်မို့ ပြုပြင်စရာများရှိနေသေးသည်။

ပိုမိုအခြေခိုင်မာ‌ေစဖို့ ရန်ဖက် နိဟွန်းတို့၏ မဟာမိတ်ဖွဲ့ရန်တောင်းဆိုမှုကို  လိုက်လျောကာ ထိုမင်္ဂလာပွဲကို လက်ခံခဲ့ရပေမဲ့ နိဟွန်းတို့ဟာ ဘာကြောင့် မင်းသားတစ်ပါးကို ဆက်သသည် မသိ။

ငြင်းဆိုလိုက်သော်  ရန်ညှိုးဖွဲ့ကာ စစ်ပွဲကို ဖော်ဆောင်မိပေလိမ်မည်။ Silla က ယခုမှ တည်ငြိမ်စ ..

"သူတို့က မင်းသမီး မဆက်သပဲ ဘာလို့ မင်းသားကို ဆက်သတာလဲ ?"
"မင်းသား Haruto  ဟာ နိဟွန်းရဲ့ ရတနာတစ်ပါးပါ"
"ဘာကြောင့်လဲ"
"မင်းသား Haruto က ယခင် ဧကရီရဲ့  ဒုတိယသားတော် ၊ လက်ရှိ ဧက္ကရာဇ်ရဲ့ ညီတော် ရင်းချာပါ။ သူ့ဉာဏ်ပညာကြီးမှု ၊လက်ရုံးရည် ပြည့်စုံမှု ၊ နှလုံးရည် ပြည့်ဝမှုနဲ့ သံတမန်ပညာမှာ ထူးချွန်မှုကြောင့် ကျော်ကြားပါတယ် "

အထိန်းတော်ကြီးပြောတာကို ခေါင်းသာ ငြိမ့်ပြလိုက်သည်
"မင်းသား က ဂျပန်ရိုးရာတူရိယာဖြစ်တဲ့ Koto တီးခတ်ခြင်းနဲ့ ကဗျာစပ်ခြင်းမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ပါတယ်။ အကျော်ကြားဆုံးကတော့ ရုပ်ရည်ပါ .. မိုးနတ်သူဇာထုတဲ့ ကျောက်စိမ်းပန်းပုလို ပြစ်ချက်ဆိုစရာမရှိတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတယ်လို့သိရပါတယ်"
"ဟုတ်ပြီ ဒါဆို tang ပြည်ထောင်ဘက်က တင်သွင်းလာတဲ့ ကုန်စည် တွေအကြောင်းရေးထားတဲ့ စာလိပ်ပြန်ရှာပေးပါ"

ထိုလူသား ချောတာတွေ နားထောင်နေမဲ့အစားကိုယ့်တိုင်းပြည် ကိုယ် သွင်းတဲ့ကုန်ပဲ ပြန်စစ်မှာပေါ့ ။ အဲ့ လောက် အချိန်မပေါပေါင်..



"မင်းကြီး ကြင်ယာတော်လောင်း မြို့တော်တံခါးဝ ရောက်ရှိလာပါပြီ

The King's Shelter Where stories live. Discover now