7(Final)

350 51 43
                                    

"ဂွင်ကြင်ယာတော်က နန်းတော်အတွင်း တားမြစ်ထားတဲ့ အောက်လမ်းပညာကို သုံးခဲ့တာမို့ ‌သေဒဏ်‌နဲ့ ထိုက်တန်ပါတယ်အရှင်မင်းကြီး"

ညီလာခံ ခန်းမ အလယ်တွင် ဒူးထောက်နေသော Haru မျက်နှာကို ထပ်ကာကြည့်မိပြန်သည်။ နတ်ဘုရား တမျှ ချောမောသော မျက်နှာတော်ဟာ ပုံမှန်ထက် တည်ငြိမ်အေးစက်လျှက် .. အံကြိတ်ထားတာကြောင့် မေးရိုးဟာ ထောင်ထနေ၏။ ကြင်နာရသူကိုကြည့်ရင်း Jeongwoo ရင်ထဲ ဝမ်းနည်းမှုကို လှိုက်တက်လာ၏။ ခံစားချက်တွေကြောင်ြ ခြောက်ကပ်နေတဲ့ လည်ချောင်းကို တံတွေးမြိုချရင်း စိုစွတ်စေလိုက်၏

"ဂွင်ကြင်ယာတော်အနေနဲ့ လျှောက်တင်စရာရှိလား?"

သူ မဖြေပါ၊ Jeongwoo အမေးကို လျစ်လျူရှုထားသည်။ မဖြေပဲနေသည်မှာ ဝန်ခံခြင်းလော..

မိနစ်အတန်ကြာ Jeongwoo ငြိမ်‌ေနေမိသည်။ ထိုလူသားသာမရှိရင် Jeongwoo ဘယ်လို ဆက်ရှင်သန်ရမည်မသိ။ သို့သော် Jeongwoo ဟာ ဘုရင်တစ်ပါးဖြစ်တာကြောင့် သေချာပေါက် တရားမျှတစွာ ဆုံးဖြတ်ရမည်။ အောက်လမ်းပညာအတွက် ပြစ်ဒဏ်ကား တစ်ခုတည်း သေဒဏ်!

"ဂွင် ကြင်ယာတော်က နန်းတွင်းမှာ အောက်လမ်းပညာကို သုံးခဲ့တယ်၊ ဆိုးယုတ်တဲ့ အောက်လမ်းပညာဟာ တားမြစ်ထားတဲ့ ပညာရပ်ဖြစ်တာမို့ ဂွင်ကြင်ယာတော်ကို မနက်ဖြန်နေဝင်တာနဲ့ ကွပ်မျက်စေ"

ဒူးထောက်ထားရာမှ  မော့ကြည့်လာသည့် အကြည့်တွေ အပြုံးတွေဟာ  Jeongwoo မျက်ရည်တွေကို ထိန်နိုင်စွမ်းမဲ့လာစေသည်

နိဟွန်း ဧက္ကရာဇ်ကလည်း ဒေါသတကြီးထရပ်ကာ ..
"ဒါဆို သဘက်ခါ မနက်‌စောကစပြီး နိဂွန်းနဲ့ ရှင်းလာရဲ့ စစ်ပွဲစတင်ပီ.. သဘက်ခါမနက်စော မိုးသောက်တာနဲ့ ရှင်းလာကို နိဟွန်းက စစ်ကြေညာမယ်"

ဧက္ကရာဇ်ဟာ Haruto ကို ဆွဲခေါ်ပီး ထွက်သွားမည်အပြုတွင် .. အသံတစ်ခုဟာ တံခါးဝမှထွက်ပ‌ေါ်လာသည်

"ခ‌နမျှ စောင့်စားပါအုံး ဧက္ကရာဇ်"

ဆူယောင်းနဲ့အတူ မင်းသား ၄ Junghwan ဟာ ခန်းမထဲဝင်လာပြီး  Jeongwoo ရှေ့တွင် ဒူးထောက်သည်

"ကြင်ယာတော်အပေါ်ချမှတ်ထားတဲ့ အပြစ်ဒဏ်ကို ရုတ်သိမ်းပေးဖို့ တောင်းဆိုပါတယ်.. ဒီပြဿနာမှာ ကြင်ယာတော်ဟာ စွပ်စွဲခံရတာပါ"
"သက်သေတွေလဲရှိနေတာကို ဘာကြောင့်များ စွပ်စွဲခံရတာလို့ ပြောတာပါလဲမယ်မယ်"
"လုပ်ကြံ သက်သေတွေကို ထည့်တွက်လို့ ဖြစ်ပါ့မလား အတွင်းဝန် မင်?"

The King's Shelter Where stories live. Discover now