2

295 54 68
                                    

အေးမြသော ‌လရောင်သည်  ပြတင်ပေါက်အားဖြတ်ကျော်ကာ အခန်းအတွင်း ဖိတ်စဉ်ကျနေ၏.. စနစ်တကျ ထွန်းထားသော မီးအိမ်များစီမှအလင်းရောင်တို့ဟာလဲ လျှံ ဖိတ်လို့နေသည်

Silla ၏ ရေမြေ့သနင်းပြည့်ရှင်မင်းကား  ည ညီလာခံမှ အစီရင်ခံများကို ပျင်းရိနေသော ကိုယ်နေဟန်ထားဖြင့် ဖတ်ရှုလျှက်ရှိသည်။

စစ်ပွဲကာလ အပြီးမှာ အထွက်တိုးလာသည့်  သီးနှံစာရင်းများကိုကြည့်ကာ Jeongwoo ရင်တွင်း ဝမ်းမြောက်မှုတို့ လှိုက်ဝင်နေသည်။ ဒီအထွက်နှုန်းနဲ့ဆို ဆောင်းရာသီမှာ အစာရေစာပြတ်လတ်မှု ကို ခံစားရမည် မဟုတ်တော့ပေ။ အထူးသဖြင့် နယ်စပ်ဒေသများက ထိုဒဏ်များကို ခံရနေကြရမြဲပင်။ မြို့တော်ကသူတွေက အဆီကို‌စား အသားကိုမြိုနေပေမဲ့ ကြောင့်ကြမှုမရှိနေနိုင်သော်လည်း .. နယ်စပ်ဒေသကဲ့ကို ဝေးလံသော ဒေသများတွင်ကား ဒုဗ္ဘိက္ခန္တရကပ် မကြာခနစိုက်ရောက်‌ေလ့ရှိသည်။ Jeongwoo နန်းတက်စက အကျင့်ပျက်ခြစားမှုတွေအကုန် စစ်ထုတ်ခဲ့၍သာ အတော်လေးသက်သာသွားခဲ့၏။

အစီရင်ခံစာတစ်ခုအတွင်း ချူဆော့ပွဲတော်အတွင်း အစီအစဉ်များကို အခြေခံထားသည်မို့
"အထိန်းတော်ဂူ ချူဆော့ရောက်ဖို့ ဘယ်လောက်လိုသေးလဲ"
"၁၂ရက် လိုပါသေးတယ် မင်းကြီး"
(ချူဆော့ ပွဲတော်(ကောက်ရိတ်သိမ်းပွဲ) - lunar ပြက္ခဒိန် ၈ပိုင်း ၁၅ရက်/ Septemberလအတွင်း)

၈လပိုင်းဟာမည်သို့မည်ပုံ ချဉ်းနင်းဝင်ရောက်လာခဲ့သည်မသိပါ့လား

"မင်းကြီး ညနက်နေပါပီ .. အနားယူတော်မူသင့်ပါပီ"

အထိန်းတော်ဂူပြောမှ အချိန်ကို သတိထားမိကာ ပြတင်းစီမှာ မြင်ရသော လမင်းကို ကြည့်နေမိသည်..  လမင်းကြီးလဲ တုနှိုင်းမဲ့ ကောင်းကင်လယ်ကို ရောက်တော့မည်

"သွားမယ်"

ပြောရင်း နေ့လည်ကတည်း ဆုံးဖြတ်ထားသည့်နေရာစီသို့..
.
.
.

အဆောင်တော်နားရောက်သည်နှင့် Jeongwoo အား သာယာသော သံစဉ်တစ်ခုက စီးကြိုနေသည်

ဆွေ‌ေးမြ့မြေ့ သံစဉ်တွင် ဝမ်းနည်းရိပ်များ စွန်းထင်း‌နေပေမဲ့ ပျော်ရွှင်မှုများလဲ အရိပ်ထင်နေပြန်၏..လှလှပပလေးကစားပြ‌ေနသော သံစဉ်ဟာ ငယ်ဘဝအချိန်တွေကိုပင် ဖော်ဆောင်ပေးနေ၏

The King's Shelter Where stories live. Discover now