Haruto စီကအချစ်တွေကို အပိုင်ရရှိပြီးသည့် Jeongwoo နေ့ရက်တွေဟာ သာယာေပျာ်ရွှင်မှုအတိ ခြယ်မှုန်းထား၏ ။ Haruto ပုခုံးပေါ် ခေါင်းလေးမှီရင် ကြယ်တာယာတွေကိုကြည့်ရတာ Jeongwoo အကြိုက်ဆံုးပင်
ဒီနေ့လဲ အရင်နဲ့ မခြားနားစွာပဲ သူ့ပုခုံးကို ခေါင်းအုံးလုပ်ကာ လက်ချောင်းတို့ကို ယှက်နွယ်ရင်း ကြယ်တာယာတွေကိုကြည့်နေမိသည်။ တိတ်ဆိတ်လွန်းတဲ့သူ့ကို စကားတွေနဲ့အဖော်ပြုရင်းပေါ့
"တစ်ခါတစ်လေ စဉ်းစားမိတယ် မင်းက ချောလွန်းလို့များ ကိုယ်တော်ချစ်မိတာလားလို့ ..ဒါမဲ့ သေချာစဉ်းစားတော့လဲ မဟုတ်ပြန်ဘူး"
Haruto ကပြုံးသည် ။ သူ့အပြုံးတွေက ရူးသွပ်စရာကောင်းေလာက်အောင် စွဲမက်ဖွယ်ကောင်းသည်
"လောကကြီးမှာ လှပတဲ့သူကိုမရွေးချယ်ပါနဲ့.. မင်းကြီးရဲ့လောကကြီးကို လှပအောင်ပြုလုပ်ေပးသူကိုပဲရွေးချယ်ပါ မင်းကြီး"ဆုပ်ကိုင်ထားသည့်လက်ကိုငေးကြည့်ကာ စကားဆိုမိသည်
"အဲ့တာမင်းပဲလေ ..မင်းမရှိခင်က ကိုယ်တော့် ဘဝကြီးက ခြောက်ကပ်ကပ်နဲ့ တစ်နေ့တစ်နေ့ တိုင်ပြည်အရေးတွေနဲ့ပဲ ရှုပ်နေတာ ..မင်းရှိလာမှ စိုပြေလာတာ..မင်းက စကားနည်းပီးတိတ်ဆိတ်ပေမဲ့ ကိုယ်တော့ နှလုံးခုန်သံေတွကိုတော့မြန်စေတယ်လေ"Jeongwoo စကားပြောရင်း ကောင်းကင်ကြီးကို မော့ကြည့်ကာ ရင်နင့်စွာ စကားတစ်ခွန်းဆိုမိသည်
"ငါ့အိမ်မက်ဆိုးတွေကိုလဲ ဖယ်ရှာပေးနိုင်တယ်"
"해가 지고 달이 뜨면
희미하던 추억이 별처럼 내려와 "
(နေဝင်ပီး လထွက်ရင်
မှေးမိှန်နေတဲ့ မှတ်ဉာဏ်တွေက ကြယ်တွေလို ထွက်ပေါ်လာတယ်)
"အဟက်"သူလက်တမ်းရွတ်ဆိုလိုက်သည့် ကဗျာစာသားဟာ Jeongwoo ကိုနာကျင်စွာပြုံးရယ်စေသည်။ ဒဏ်ရာတွေနဲ့ နှလုံးသားဟာလည်း ပူလောင်စွာ နိုးထလာ၏။
"မင်းကြီးရဲ့အတိတ်မှာ အထိနာမှုတွေ့ရှိခဲ့တာလား"Jeongwoo ဆုပ်ကိုင်ထားတဲ့သူ့လက်ကိုလွှတ်ကာ မိမိပုခုံးပေါ်ပြောင်းတင်ရင်း သူ့ကိုမှီထားလိုက်သည်
"ကိုယ်တော့်ရဲ့အကိုတော် .. အရင်အိမ်ရှေ့စံပေါ့..သူက ကိုယ်တော့်ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် အသက်ပေးလိုက်ရတာ ..ကိုယ်တော့်ကို ကယ်ရင်းနဲ့။ ခုချိန်ထိ အကိုတော့်ပုံရိပ်တွေက မျက်လုံးထဲက မထွက်သေးဘူး.. "
YOU ARE READING
The King's Shelter
Hayran Kurguကိုယ်တော်မင်းကို ချစ်နေမိပီထင်တယ် Haruto Hajeongwoo 🦋🐺