Haruto ငြိမ်နေမိသည်။ ဤအခြေအနေကို မည်သို့ကိုင်တွယ်ရမည်မသိ
"ကိုယ်တော့်ကို မချစ်ဘူးလား?"
စားလက်စ တူကိုချကာ ဘုရင်ငယ်အား စိုက်ကြည့်ရင်း
"မင်းကြီး ဖြစ်စေချင်တဲ့အဖြေက ဘာများလဲဗျာ"
"မင်းကလဲ ချစ်တယ်ဆိုတာပေါ့"
"ဒါဆို ကျွန်တော်က မချစ်ဘူးပြောရင် ကျွန်တော့်အသက်ဟာ လုံခြုံပါတော့မလား"ဘုရင်ငယ်ဟာ Haruto အကြည့်တို့ကို ရှောင်ဖယ်ကာ
"အပြည့်အဝလုံခြုံပါတယ်.. ဒီချိန်မှာ ကိုယ်တော်ဟာ အချစ်ကို ဝန်ခံနေတဲ့ လူသားတစ်ယောက်ပါပဲ"
"ဒါဆိုရင်တော့ ကျွန်တော် ချစ်နိုင်အောင်ကြိုးစားပါ့မယ်"
"ဟုတ်ပါပြီ.. ဒါဆို ဒီလောက်ပဲပေါ့"ပြောရင်း ဘုရင်ငယ်ဟာ စားပွဲဝိုင်းက ထထွက်သွားသည်။ Haruto လဲ သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ မနက်စာကို ပီးအောင်စားလိုက်၏
။
။
"ဟူးး.."ကျယ်လောင်သော သက်ပြင်းသံအား Jeongwoo ပြုမိသည်။ တစ်သက်နဲ့ တစ်ကိုယ်အငြင်းခံရမယ်လို့ တစ်ခါမှ တောင်မတွေးဖူးပေ
ထိုအချိန် ဆူယောင်း ဝင်လာပီး " အကုန်ထွက်သွားကြ " ပြော၏။
စားပွဲတွင် ထိုင်နေသော Jeongwoo လဲ ဆူယောင်းလုပ်သမျှ လိုက်ကြည်နေမိသည်။ နံ့သာတိုင်တစ်ခုကို အရင်ထွန်းပီးမှ ရှေ့မှာ ဝင်တိုင်ရင်း
"မင်းကြီး ညက ဂွင်ကြင်ယာတော်စီသွားတယ်ဆို"
"အင်း "
"နင်ဘာဖြစ်နေတာလဲ Park Jeongwoo လင်းတမှိုင် မှိုင်နေတဲ့ရုပ်နဲ့"စားပွဲပေါ်က မုန့်အချိုကိုကောက်စားရင်း အနားက ခေါင်းအုံးနဲ့ Jeongwoo ကိုကောက်ပေါက်သည့် ဆူယောင်း
"Ya! ငါ ဘုရင်ဆိုတာ သတိရအုံး"
"ဘုရင်တွေဘာတွေ ဘေးချိတ်ထား ..ညက ဘာဖြစ်လာလဲပြောပါအုံး"
"ဘာဖြစ်ရမှာတုန်းဆူယောင်းမရဲ့"
"မသိဘူးလေ ဟိဟိ"၃ခုမြောက် မုန့်ကို ယူစားနေသည့် ဆူယောင်းကြောင့်
"ဆူယောင်း နင့်ကိုယ်နင် မိဖုရားဆိုတာကော သတိရသေးလား"
"ငါ နင်နဲ့မှ ဒီလို စားချင်သလိုစား သောက်ချင်းသလိုသောက်ရတာလေဟယ် ကျန်တဲ့အချိန် မိဖုရား သိက္ခာကြီးတစ်ခွဲသားနဲ့နေရတာ ဘယ်လောက်ပင်ပန်းလဲသိလား? ခုတောင် ပွဲလာကြမ်းသလိုလို လာမြူသလိုလို လုပ်သယောင် လာဆောင်ရတာဟဲ့"