5(Z)

74 5 4
                                    

Jeongwoo တစ်ကိုယ်လုံးဟာ အံဩမှုတွေနဲ့ ဖြည့်လိုက်သလို ခံစားလိုက်ရ၏။ သစ္စာအဖောက်ခံရမှု၏ ခံစားချက်ဟာ ခါးသီးလွန်းလှသည်။ ဆူယောင်းက အမြဲ Jeongwoo အပိုင်လို့ပဲ တွေးထင်ထားခဲ့တာ

"ဘယ်လို အဲ့တာဆို ငါကကော ကင်မ်ဆူယောင်း!! နင်က ငါ့တရားဝင်မိဖုရားလေဟာ.."

ဆူယောင်းဟာ ဘာမှမပြောပဲငြိမ်သက်နေသည်။
"နင်က Silla ရဲ့မိခင်လေ ... ဒီလိုသစ္စာဖောက်တာက နိုင်ငံတော် သစ္စာဖောက်မှုပဲ!!"
"အပြစ်မှန်သမျှက ဒီမိဖုရားလုပ်တာပါ ..ယွန်းဟွာမှာ ချစ်မိတဲ့အပြစ်တစ်ခုတည်းသာရှိတာပါ"

Jeongwoo ဒေါသတို့ကို ထိန်းနိုင်စွမ်းမဲ့လာသည်မို့ အနားမှာရှိသည့် စားပွဲကိုသာ ‌‌တိုင်လုံးဘက် ကောက်ပေါက်လိုက်သည်။ဖြောင်းခနဲကျိုးသွားသော အသံဟာ တိတ်ဆိတ်‌သော ပတ်ဝန်းကျင်တွင် လှိုက်တင်သံများနှင့် ထွက်ပေါ်လာ၏။

"စိတ်လျော့ပါမင်းကြီး.. အပြစ်ပေးမယ်ဆိုရင် ဒီမိဖုရားကိုပဲပေးပါ"
"ဆူယောင်း နင်တကယ်ပဲ နင့်မိသားစုအတွက် မစဉ်းစားမိဘူးလား?"

ဒူးထောက်နေသည့် ဆူယောင်းမျက်ဝန်းတွင် မျက်ရည်များဝေ့သီလာသည်ကို လရောင်အောက်တွင် တောက်ပစွာ မြင်တွေ့လိုက်ရ၏။ ဆူယောင်းမျက်ရည်တွေကို Jeongwoo ကြည့်နိုင်စွမ်းမဲ့ပါသည် .. ငယ်ငယ်လေးကတည်းက ထိုသူငယ်ချင်းမလေးဟာ အငိုနည်းတဲ့သူ ..သူငိုရင် ဝမ်းနည်းနာကျဉ်းလွန်းလို့သာ

Jeongwoo လဲ ဒူးထောက်ချကာ ဆူယောင်းမျက်ရည်တွေကို သုတ်ပေးလိုက်သည်..
"စိတ်မပူပါနဲ့ ငါမလုပ်ပါဘူး"

ပြန်ထရင်း အရိပ်တပ်သားထဲမှာ တစ်ယောက်ကို ခေါ်ထုတ်လိုက်သည်

"ယွန်းဟွာကို အကျဉ်းတိုက် ၃ထဲမှာ ယာယီပိတ်ထားလိုက်၊ မိဖုရားကိုတော့ အဆောင်တော်မှာပဲ ၄လ အကျယ်ချုပ်ချမှတ်တယ် ..ကိုယ်တော့်အမိန့်မရှိပဲ ဘယ်သူမှ မဝင်ရဘူး"

Jeongwoo အမိန့်ချပီးသည်နှင့် ထိုနေရာမှ ထွက်သွားရန်ပြင်လိုက်သည်။ သိုပေမဲ့ Haruto က Jeongwoo လက်ဖျံကို ဆွဲထားရင်း စကားဆိုသည်

"မင်းကြီး .. တစ်ခုလောက်တောင်းဆိုချင်တယ်"
"ဘာလဲ ?"
"ယွန်းဟွာကို ကျွန်တော့်လက်ထဲ လွှဲပေးပါ့လား? သူက ကျွန်တော့်အဆောင်ကလေ"

The King's Shelter Where stories live. Discover now