6

231 42 51
                                    

Hikun နဲ့စကားပြောနေချိန် ဘေးနား ဘုရင်ပေါက်စ ပျင်းလာပုံရကာ ..စားပွဲအောက်က Haruto လက်တွေကို ဆော့ကစားလာ၏။ ဆော့နေတဲ့လက်ကလေးကို ဆုပ်ထားပီး နိဟွန်းစကားနဲ့ပြောနေရာကနေ  ကိုရီးယားစကားသို့ပြောင်းလဲလိုက်သည်။ 

hikun က ကိုရီးယားစကားနားလည်‌ေပမဲ့ ဘုရင်‌ေပါက်စက နိဟွန်းစကားနားမလည်ဘူးလေ။
"Hikun ဘယ်နေ့လောက်ပြန်မှာလဲ"
"၁၀ရက်လောက်နေအုံးမယ်လေ ..မင်းကြီးက ခွင့်ပြုမယ်ဆိုရင်ပေါ့"
"အာာ  သေချာပေါက် ခွင့်ပြုတာပေါ့ဗျာ "

အပြုံးလေးနဲ့ ဝင်ပြောသူကို Hikun ကပြန်ပြုံးပြသည်မှာ ငယ်ငယ်ကတည်းက သဘောကျရပါသော ပါးချိုင့်ကြီးတွေပေါ်သည်အထိ

"အော် ဒါနဲ့ Ruto အကိုတော် yoshi ကိုပြန်ခေါ်သွားမယ်နော်"
"ခွဲလဲ မခွဲနိုင်ပဲနဲ့များ ဘာလို့ထည့်ပေးလဲ?"

Hikun က အောက်ကို ငုံကာ ပြုံးလိုက်ပီး..
"Mashiho ကိုထားခဲ့ပေးပါ့မယ်"
"ရပါတယ်ဗျာ..ဘုရင့် ကိုယ်ရံတော်ချုပ်ကို ကျွန်တော်မျိုး မလုယူရဲပါဘူး"

စိတ်ပျော်နေပုံရတဲ့  hikun က Haruto လက်ကို လာရိုက်သည်..ပြီးမှ
"ညနေကျမှ သေချာလေ့ကျင့်ထားလား လာစစ်မယ်"
"မစစ်ပါနဲ့ဗျာ ..သူများနိုင်ငံမှာ ရှုံးနေမှ ဘုရင်သိက္ခာကျနေပါ့မယ်"

Hikun က ကိုင်ထားသည့် ယပ်တောင်လေးနဲ့ Haruto ကို ခေါက်ပီးမှ .."ညနေမှ တွေ့မယ်"ပြောရင်း ဘုရင်ပေါက်စကို နှုတ်‌ဆက်တော့၏။

အကိုတော်ကို့ အဆောင်အပြင်ထိလိုက်ပို့ကာ ပြန်ဝင်လာတော့  သလွန်ပေါ်တွင် ခြေကားယားလက်ကားယားနဲ့ အိပ်နေသော Haruto ၏ ဘုရင်ပေါက်စကို တွေ့လိုက်ရ၏
"ဘုရင်က ဘယ်လိုအိပ်နေတာလဲ?"
"မင်းမသိလို့ပါ .. ဒီနေ့တအား ပင်ပန်းတာသိလား.. အဲ့ ဓလေ့ထုံးတမ်းကြီးတွေ တအားအမြင်ကပ်"

ကလေးပေါက်စလို တိုင်နေသူအား ဆွဲထူလိုက်၏။ ပျင်းတိပျင်းရွဲလေးပါလာသူအား ကြည့်ကာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
"ထလေ "
"အင်း"

သလွန်ပေါ်တွင် အပျင်းလုပ်နေသည့်ဘုရင်‌ေပါက်စကိုထားကာ    Koto တီးနေကျ နေရာတွင်ထိုင်လိုက်၏။ နောက်ကနေ ခြေသံလေးကြားလာရပီး ဘုရင်ပေါက်စအနားရောက်လာသည် ။ ပြောရင် ငါလိုဘုရင်ကို ဒီလိုပြောရမလားဆိုပြီး စိတ်ဆိုးလေမလား မသိပေမဲ့  သူ့ပေါင်ကို  ခေါင်းအုံးလုပ်ကာ အိပ်နေပြန်သည့် ဘုရင်ပေါက်စဟာ ဝက်ဝံလေးတစ်ကောင်လိုပဲ ။

The King's Shelter Where stories live. Discover now