တစ်ညလုံး ဘေးအိမ်ကအန်တီ့ အကြောင်းကို တွေးရင်းတွေးရင်း နဲ့ ညဥ့္နက်ခဲ့ရသည်။
မောင် တွေေ၀ရင်း တွေေ၀လာခဲ့သည်။
မောင့်ဘ၀မှာ ဘသူ့အကြောင်းကိုမှ ယခုကဲ့သို့
စဥ္းစားတွေးတော မိခြင်း မရှိခဲ့ပါ သို့သော်
မနေ့ကမှ တစ်ခေါက်သာ တွေ့ခဲ့ပါသော
ထိုအမျိုးသမီးအကြောင်းကိုတော့
ထူးဆန်းစွာပင် မောင်မတွေးဘဲ မနေနိုင်ခဲ့ပါ။အန်တီ့ရဲ့ မျက်လုံးလေးများသည် နေရောင်လဲ့လဲ့မှာ အညိုရောင်သန်းလို့ ကြည်လင်တောက်ပနေခဲ့သည်ကိုလည်း မောင်ခနခန မြင်ယောင်နေမိသည်။
ညအချိန်ကတည်းကတွေးမိနေသည့် အကြောင်းအရာများကို မောင့်အနေနဲ့
ထပ်မတွေးချင်တော့ပါ ။
မောင့်စိတ်ကို မောင်မပိုင်သလို ဖြစ်နေရသည့်
ခံစားချက်အား မောင် ပြေပျောက်ချင်လာမိသည်။အတွေးတွေအား ပြယ်စေလိုသောကြောင့်
ခြံထဲက ဧကရီပင်ကြီးအား ကျောမှီလို့
ဂစ်တာညိုလေးအား ထုတ်ကာ သီချင်းလေးဆိုရင်း အတွေးတို့အား ပြယ်ပျောက်စေလို...."တေးသွားချို သီကာ ကျူးတဲ့
ကျေးငှက်ကို လှမ်းလို့ကြည့်ကာ
ပန်းကလေးက ပြောလိုက်တယ်
လောကရဲ့ အလှအပဟာ တို့ပွင့်မှ ပြည့်စုံတာတဲ့
ပန်းချစ်သူ ပျားကပြုံးတယ်
တောက်ပတဲ့ အဆင်းလည်းရှိတယ်
လိုက်ဖက်တဲ့ မွှေးရနံ့နဲ့ဆို
၀တ်မှုံရယ် နင်နဲ့နှိုင်းရင် ရှုံးကြမှာဘဲ
ရင်ထဲရှိ ရှိသမျှ ပြောပြရရင်
တကယ်လှတယ်
မြင်သူတကာ ငေး ငေးလောက်အောင်
လှရက်သူ
ချူလိုသူတွေ လက်ထဲမှာ
အလှမပျက်အောင် ဆုတောင်းတယ်
ပန်းကလေးရယ်
သင်းပျံ့ကာ အမြဲမွှေး စေချင်တယ်~~"
အတွေးတို့အား ပျောက်စေချင်လို့ သီချင်းဆိုကာမှ သီချင်းစာသားတစ်ခုစီတိုင်းမှာ မြမှူးခက်ဆိုသည့် အမျိုးသမီးအား မြင်ယောင်လို့လာသည်။
ခက်ပါဘိ....အန်တီရယ်။
BẠN ĐANG ĐỌC
အန်တီချစ်သည့်ပန်းနှင်းဆီ
Lãng mạnအန်တီရဲ့လက်တွေနဲ့အနုပညာပန်းချီတွေကို လှပအောင်အရောင်ခြယ်သလိုမျိုး မောင့်ရဲ့ဘဝ အရောင်စုံသွားအောင် မြမှုးခက်ဆိုတဲ့ အန်တီကဘဲလက်ကမ်းပေးပါ