အပိုင်း၁(uni)

1.1K 40 2
                                    

နှင်းဆီမေမောင် ဆိုတဲ့ကျွန်မအတွက်တော့
ဂုဏ်နဲ့ငွေအတွက်ဘဲ အချိန်ရှိခဲ့တယ်
မောင်မှာ အကိုနဲ့အမတစ်ယောက်ရှိပေမဲ့
သူတို့မှာလည်း မောင့်အတွက်အချိန်မရှိခဲ့သလို
မောင်လည်းထိုနည်းတူပါဘဲ

အချိန်ဆိုတာမောင်တို့မိသားစုအတွက်တော့
အရေးပါလွန်းတယ် အချိန်တိုင်းနီးပါး
ငွေရှာဖို့ဘဲ လုံးပန်းကြတယ်
မောင်ငယ်ငယ်ကတည်းက မေတ္တာဆိုတဲ့အရာနဲ့
လုံး၀မထိတွေ့ခဲ့ရဘူး
အဲ့ဒီအတွက် မောင်လည်း လူတွေအပေါ် မေတ္တာနဲ့မတုံ့ပြန်တတ်တော့တာ သိပ်တော့မဆန်းပါဘူး

နှင်းဆီမေမောင်လို့ပြောလိုက်တာနဲ့
စီးပွားရေးလောကမှာ ငယ်ရွယ် ထက် မြက်တဲ့
အမျိုးသမီးလို့ လူတိုင်းသိကြတယ်

မောင်ကငွေရှာနေရတာပျော်ပြီး
ငွေကိုသိပ်ချစ်တယ်လို့ အများက ထင်ကြပေမဲ့
တကယ်တော့ မောင်ကို လူအများမြင်နေရတဲ့
ပုံစံက မောင့်မိသားစုရဲ့
ပုံစံခွက် တစ်ခုသာသာပါဘဲ

တကယ်တော့
မောင်ကသိပ်ကိုအေးချမ်းတဲ့ မိန်းမမျိုး
မောင်က ကဗျာတွေစာတွေနဲ့ဘဲ
အချိန်ကုန်ရတာပိုနှစ်သက်တယ်
ပိုက်ဆံတွေနဲ့မဟုတ်ဘဲပေါ့
မောင်တစ်နေ့တော့ မိသားစုရဲ့ ပုံစံခွက်ထဲကနေ
လွတ်မြောက်နိုင်မယ်လို့ မျှော်လင့်မိတယ်

အတွေးတွေကို ရုပ်သိမ်းရင်း လုပ်လက်စ
လုပ်ငန်းကိုဘဲ အပြီးသတ်တော့သည်။
အလုပ်ထဲ စိတ်ကိုနှစ်လို့ လုပ်နေစဥ္
နှင်းဆီမေမောင်ရဲ့ အလုပ်ရုံးခန်းတံခါးကို
3ချက်တိတိခေါက်ကာ ​ခွင့်ပြုချက်မစောင့်ဘဲ
သားရေသားဒေါက်ဖိနပ် နီနီကို အသံစည်းချက်
ညီညီဖြင့် ၀င်လာသော အမျိုးသမီးသည်
နှင်းဆီမေမောင်၏မိခင်
ပန်းသခင် Group ဥက္ကဋ္ဌ
ဒေါ် ထိပ်ထားသဇင်ဖြစ်ပေမည်ဆိုသည်ကို မောင်မော့ကြည့်စရာမလိုအောင်ပင် သိသည်။
ဒေါ်ထိပ်ထားသဇင် မှလွဲ၍ မောင့်ရုံးခန်းကို အလွယ်တကူ၀င်နိုင်သူသည် အခြားမည်သူမှမရှိသည်မလို့ ပြေးကြည့်ရန်ပင်မလို တွေးကြည့်
ယုံဖြင့်ပင် အတတ်သိနိုင်သည်။

"နှင်းဆီမေမောင်"

မောင့်ရဲ့နမည်အပြည့်စုံကို ဩဇာအာဏာအပြည့်နဲ့ခေါ်လိုက်ပုံကတော့ သူ့သမီးမဟုတ်သည့်အတိုင်းပင်...

အန်တီချစ်သည့်ပန်းနှင်းဆီDonde viven las historias. Descúbrelo ahora