ပန်းခြံမှ အိမ်သို့ အပြန်လမ်းဟာ
အနည်းငယ် မှောင်ရိပ်သန်းနေလေပြီ
ဖြစ်သော်ငြား
လေထု ဟာ စိုထိုင်းကာ အေးလို့လာပြီ
ဖြစ်သော်ငြား
မောင့်လက်ကို ဆုပ်ကိုင်ပေးထားသော
အန်တီဟာ အနွေးဓာတ်ကလေးဖြစ်တာကြောင့်
အထိအတွေ့ပိုင်းတင်မကဘဲ
စိတ်အစုံကိုပါ နွေးထွေး မှုပေးသည်။နေအ၀င် ညိုမှိုင်းကာ ၀င်း၀ါနေသော
ကောင်းကင်ဧ။္ ရောင်ပြန်ဟပ်မှုကြောင့်
ဖြစ်လေသလားကိုတော့ မောင် အသေချာမသိ
အန်တီ့ မျက်နှာလေးက ၀င်း၀ါပြီး
တောက်ပနေသယောင် ။
အိမ်သို့ရောက်ခါနီးလေ နေအလင်းရောင်ဟာ
မှိန်ပြပြဖြစ်လို့လာသည်။
မောင့်မျက်လုံးတွေဟာ သိပ်အလုပ်လုပ်ပုံမပေါ်တော့ပါ။
ဘာကြောင့်လဲ ဆိုတော့ကား
ပတ်၀န်းကျင်တစ်ခုလုံး ရိပ်သဲ့သဲ့သာ
မြင်နေရပြီး ထို ဝိုးတဝါး ပုံရိပ်များကြားထဲက
အန်တီကတော့ မောင့်အမြင်မှာ
ကျော့ရှင်းလို့နေလေသည်။"မောင်..."
"ဗျ...ဗျာ..."
"ဒီနေ့ လသာမယ်ထင်တယ်
တိမ်တွေကင်း နေတယ်""ဟုတ်သားနော်..."
"အန်တီ လက်ဖက် သုပ်ပေးမယ်
ိဒီ ည ကြယ်ကြည့်ရအောင်""ဟုတ်သားနော်
ဒီနေ့က အနားယူဖို့ အချိန်ကောင်းလေးဘဲ""အန်တီ့ အိမ်မှာ ကြည့်မလား"
"အွန်း အန်တီ့အိမ်မှာဘဲ ကြည့်မယ်
လေအေးအေးလေးတွေ
တိုက်ခက်တဲ့ အချိန်ဆိုရင်
အန်တီ့ နှင်းဆီတွေက မွှေးရနံ့ ထုံသင်းနေမှာဘဲ""ဟုတ်ပြီ
အဲ့တာဆို ခြံထဲ၀င်လေ
ခါတိုင်း ထိုင်နေကြ နောက်ဖေးက ချယ်ရီပင်အောက်မှာစောင့်နေ
အန်တီ လက်ဖက်သုပ်နဲ့ ရေနွေးကြမ်း ယူခဲ့ပေးမယ် ""ဟုတ်..."
အန်တီ့ရဲ့ မောင်ဆိုတဲ့ ခေါ်ယုံနဲ့တင်
နှလုံးသားက ထိန်းချုပ်မရအောင် ခုန်ပေါက်ပြီးသားဖြစ်နေတာကြောင့်
ထိန်ထိန်သာနေမဲ့ လမင်းကြီးအောက်က အန်တီ့မျက်နှာ ၀င်း၀င်းလေးကို မောင်မည်သို့မည်ပုံ
ရင်ဆိုင်ဖို့ ကြိုးစားရပါ့မလဲ။
အန်တီဟာ မောင့်စိတ်တွေကို ယခုကဲ့သို့ပင်
ပြုစားနိုင်စွမ်းအပြည့်ရှိသည်။
မောင် အန်တီ့ကို ချစ်သည်။
ဒါဟာ အနေနီးလို့လည်း မဟုတ်
စိတ်ကစားတာလည်း မဟုတ်ပါ
ရင်ထဲက လာတဲ့ နက်ရှိုင်းတဲ့ ခံစားချက်တွေ ဖြစ်သည်ကိုတော့ မောင်သာအသိဆုံး ဖြစ်ပါလိမ့်မည်။
YOU ARE READING
အန်တီချစ်သည့်ပန်းနှင်းဆီ
Romanceအန်တီရဲ့လက်တွေနဲ့အနုပညာပန်းချီတွေကို လှပအောင်အရောင်ခြယ်သလိုမျိုး မောင့်ရဲ့ဘဝ အရောင်စုံသွားအောင် မြမှုးခက်ဆိုတဲ့ အန်တီကဘဲလက်ကမ်းပေးပါ