အပိုင်း၄(uni)

280 19 5
                                    

အန်တီ့ ရဲ့ အိမ်ဘေးမှာ မောင်နေလာခဲ့တာ
တစ်ပတ်​ကြာခဲ့ပြီဖြစ်သည်။
သို့သော်ဒီရက်ပိုင်းအတွင်း
မောင်အလုပ်ရှုပ်နေတာကြောင့် အန်တီနှင့်
အချိန်အတော်အကြာမတွေ့ရပေ။
အန်တီနဲ့ အချိန်တွေ အတူဖြုန်းချင်သေးသည်။ မနက်ဖြန်တစ်ရက်အလုပ်နားရက်ဖြစ်တာကြောင့် အန်တီ့ နဘေးနား၌သာ နေရန်အစီစဥ္ရှိသည်။

အချိန်အကြာကြီးမတွေ့ရတတ်ပေမဲ့
မနက်ခင်းတို်င်း အန်တီက မနက်စာ လာပို့တတ်တာကြောင့် တစ်ရက်တစ်ခေါက်တော့ တွေ့မြင်ခွင့်ရကာ အန်တီ့ လက်ရာမနက်စာများကို
နေ့တိုင်းစားရသည်ကလည်း နည်းသည့် ကုသိုလ်ကံတော့မဟုတ်။

တီလ် တီလ်___

ထိုမနက်ခင်း အိမ်ရှေ့မှ ဘဲလ် အသံလေးသည်
မောင့်အတွက်တော့ ဆည်းလည်း သံလေးတွေလိုပင် နား၀င်ချို သည်။
ဒီအသံလေးကြားရလျှင် အန်တီရောက်လာမည်
ဟုပင် မောင်သတ်မှတ်ကာထားသည်။

"အန်တီ "

"ဒီမယ် မနက်စာ
ဒီနေ့ကတော့ ရှမ်းခေါက်ဆွဲ အန်တီကိုယ်တိုင်လုပ်ထားတာ "

"အန်တီလုပ်ထားတယ်ဆိုကတည်းက
ဒီရှမ်းခေါက်ဆွဲ ဘလောက်ကောင်းသလဲဆိုတာ
မောင်သိလိုက်ပါပြီ"

"အမယ် မယ်...
ဒီကလေး စကားတွေသိပ်တတ်"

"အန်တီ့ရဲ့မောင်ဘဲလေ
ဟုတ်တယ်မလား"

"ဟုတ်တာပေါ့ရှင်
လောလောဆယ် ဒါကိုယူပြီး မနက်စာစားလိုက်"

"ဟုတ်ကဲ့
ဒါနဲ့ အန်တီ ညနေကျရင် အားလား"

"အားတယ်လေ ဘာလို့လဲ"

"မောင် အလုပ်ကအပြန်ကျရင်
အန်တီ့ကိုလာခေါ်မယ် "

"ဘယ်သွားမလို့လဲ"

"မင်္ဂလာကန် "

"အော် အွန်းသွားမယ်လေ
ဒါနဲ့ ကားနဲ့သွားမလို့လား"

"ဟုတ်တယ်လေ "

"အာ..ကားထားခဲ့
အန်တီတို့ လမ်းလျှောက်ပြီးသွားကြမယ်"

"အန်တီ့သဘော"

မောင့်အတွက်တော့ ဒီနေ့ အိမ်ပြန်လမ်းတို့က
သာယာနေလိမ့်မည်။
အန်တီ့လက်ရာ မနက်စာအားစားပြီးသည်နှင့်
အလုပ်ကိုသွားကာ
တစ်နေကုန် ခေါင်းမဖော်တမ်းလုပ်ရတော့သည်။ ပွဲရုံတွင် မိမိကလွဲလို့ ဦးစီးဦးဆောင်မရှိတာကြောင့်လည်းပါလိမ့်မည်။
ဒီမြို့ရှိလူများက 5ရက်တစ်ခါစျေးနေ့တွင် တစ်ရက် အလုပ်နားကြသည်။
ပိုက်ဆံဘလောက်ပိုပေးပေး
ထိုတစ်နေ့တွင်တော့ မည်သည့် အလုပ်သမားကိုမှခေါ်လို့မရပေ။မနက်ဖြန်က စျေးနေ့ဖြစ်တာမလို့
ပွဲရုံကို ဘသူမှ လာလိမ့်မည်မဟုတ်။
အဲ့တာကြောင့် မောင်ပါ အလုပ်နားရလိမ့်မည်။

အန်တီချစ်သည့်ပန်းနှင်းဆီWhere stories live. Discover now