အပိုင်း၃(uni)

295 25 5
                                    

မနက် 8နာရီခန့် အချိန်အခါ....

"နှင်းဆီမေမောင်"

"အွန်း"

"အောင်ပန်းမှာနေရတာအဆင်ပြေလား
ဒီတစ်ရက်တော့ မင်းနားလိုက်
မနက်ဖြန်ကြရင် ပွဲရုံတွေကို သွားပြီး
ကုန်ကိစ္စ စီစဉ္ပါ"

"ဟုတ်ပြီလေ ဒေါ်သဇင်အနေနဲ့
မောင့်အပေါ်ကို အပြည့်အ၀စိတ်ချလို့ရတာမလို့အခုလိုဖုန်းခနခနမခေါ်ပါနဲ့"

"အင်း ပြီးတော့ ငါနဲ့​ဝေးရာမှာ ရောက်နေတယ်ဆိုပြီး ငါမကြိုက်တာတွေကို လုပ်ဖို့ စဉ်းစားထားရင် အခုကတည်းကရပ်လိုက်ပါ"

"အဲ့တာမောင့်သမိုင်းပါ
ဒေါ်သဇင်အလုပ်ကို မထိခိုက်ရင် ရပြီမဟုတ်လား"

"အဲ့တာကအဲ့တာပေါ့ ဒါပေမဲ့....

တီ....တီ...

"ပြောစရာမရှိရင်ဒါဘဲ မောင်လုပ်စရာရှိသေးလို့  ခွင့်ပြုပါ"

တာဝန်အရ အဆင်ပြေလားမေးနေသည့် အမေ့ရဲ့အသံအား မောင်မကြားချင်တော့ပါ။
အိမ်ရှေ့မှဘဲလ်အသံကြားရယုံနဲ့ မောင့်ရဲ့ စိတ်အစုံဟာ ကြည်လင်သွားတော့သည်။
ဒါဟာ အန်တီဖြစ်သည်။

"အန်တီ"

"နိုးပြီလားကလေးမ
ဘာစားပြီးပြီလဲ"

"အခုမှနိုးတာ ဘာမှမစားရသေးဘူး"

"အဲ့တာဆို အတော်ဘဲ အန်တီ မင်းအတွက် ထမင်း​ပိုကြော်ထားတယ်
လာ အန်တီ့အိမ်လိုက်ခဲ့ အတူတူစားကြမယ်"

"ဟုတ် "

ဒီအချိန်ထိ အခုလိုပုံစံနဲ့ အန်တီဟာ တစ်ယောက်တည်း ဘလိုလုပ် ရပ်တည်နေခဲ့သလဲဆိုတာကို မောင်အံ့ဩမိသည်။
ခုမှတွေ့တာမကြာသေးသည့်သူ အပေါ်ကို
ယခုလိုမျိုး ကောင်းမွန်ပြနေသည့် အန်တီ့ဟာ
လူလိမ်များအတွက်တော့ ပြစ်မှတ်ထားချင်စရာပုံစံမျိုးဖြစ်လို့နေသည်။

အောင်ပန်းမြို့တွင်နေသည့် 3ရက်​မြောက်နေ့တွင်
အန်တီ့အိမ်ထဲအား မောင် ပထမဆုံးအကြိမ် စတင်၀င်ရောက်ရတော့မည်မလို့ရင်ခုန်သလိုလိုပင်။
ခြံရှေ့ကို ရောက်တာနှင့်ပင် နှင်းဆီရနံ့များက
သင်းပျံ့ထုံမွှေးလို့နေလေသည်။

အန်တီချစ်သည့်ပန်းနှင်းဆီOnde histórias criam vida. Descubra agora