Part_2

171 12 0
                                    

နံနက်(1:13)မိနစ်

🎼🎼warm night , can't sleep , too hurt ,

too weak , gotta call her up🎼🎼

Ph ringtoneအဖြစ်ထားထားသော Bruno Mars ရဲ့ love's train သီချင်းလေးကအဆက်မပြတ်ထွက်ပေါ်လာသည်။

အချိန်အတော်လင့်မှအိပ်တာကြောင့် အသိစိတ်ကPhကိုင်ဖို့နှိုးဆော်နေပေမဲ့ ခန္ဓာကိုယ်ကြီးကတော့နဲနဲမျှလှုပ်မရခြေ။မပွင့်တစ်ချက်ပွင့်တစ်ချက်ဖြစ်နေသာမျက်လုံးကိုအားယူကာဖွင့်လိုက်ပြီးမှ ထပ်တလဲလဲခေါ်နေသောPh callကို ကိုင်လိုက်သည်။

'Hello'

'မင်း Phမကိုင်တော့ဘူး ထင်နေတာ'

'f**k! အိပ်ချိန်ဆိုတာမသိဘူးလား။ခင်များလူမှုရေးနားလည်စမ်းပါ'

လူကအိပ်ချင်လွန်းတာကြောင့်Phတစ်ဖက်မှလူကိုအော်ငေါက်လိုက်သည်။ဒီလိုအချိန်Phခေါ်တဲ့သူကသရဲပဲရှိမယ်။

'Oh! မင်းမှာလူမှုရေးဆိုတာရှိသေးတာလား'

အိပ်ချိန်ကိုနှောက်ယှက်ယုံသာမက ဘုကလန့်စကား​နဲ့ပြန်ခံပြောနေတဲ့တစ်ဖက်လူကြောင့် ဒေါသထွက်နေမိတယ်။

'ခင်ဗျားရဲ့သောက်ပါးစပ်ကိုပိတ်ပြီး အခုPhခေါ်ရတဲ့အကြောင်းအရင်းကိုပြော'

' ဂျူမြောင်ရှင်းနဲ့အရောင်းအဝယ်ကိစ္စ မင်းသွားပေးမလား'

'ဟက်...ရလာတဲ့အမြတ်အစွန်းသုံးပုံနှစ်ပုံရရင် ခင်ဗျားပြောတဲ့အရောင်းအဝယ်ကိစ္စကို သွားပေးမယ်'

'မင်း......'Phတစ်ဖက်မှသံရှည်ဆွဲကာမကျေမနပ်ဖြစ်နေပုံပေါ်သည်။

'ခင်ဗျားသဘောတူလား မတူဘူးလားဗျာ!ကျွန်တော့်ရဲ့အိပ်ချိန်တွေဆုံးရှုံးကုန်ပြီဗျ'
တစ်ဖက်မှစဥ်းစားနေပုံရသည်။ခဏအကြာမှသာ'OK'ဟုအကြောင်းပြန်လာသည်။

'အချိန်နဲ့နေရာကို Messageပို့လိုက်မယ်'

'အင်း'
Ph callဟာ ထိုကဲ့သို့တုံးတိတိပြန်ဖြေသံနှင့်သာအဆုံးသတ်သွားရသည်။

အချိန်ကိုကြည့်လိုက်တော့ (1:20)AMရှိနေပြီဖြစ်သည်။အခန်းတွင်းသို့ဟိုတစ်စဒီတစ်စတိုးဝင်နေသော လရောင်ဖျော့ဖျော့သာနေရာယူလျှက်တဖြည်းဖြည်းမှိတ်ကျလာသောမျက်ဝန်တို့ကအိပ်စက်ခြင်းဆီသို့....

🍀Clover🍀Where stories live. Discover now