စက်ရုံအပျက်ကြီးကို ငေးကြည့်ရင့်ခြေလှမ်းတို့ တုံ့ဆိုင်းနေမိတယ်။အဝေးမှကြည့်နေရုံနဲ့ သံသယကိုဖြေဖျောက်နိုင်မည်မဟုတ်။
အဆောက်အဦးမှာ အတော်လေးပျက်စီးကာ လူတစ်ရပ်နီးပါးသစ်သားအတိုအစပုံများက နေရာယူထားသည်။
အနားကပ်လာလေလေ အေးစက်စက်လေထုကဝိုင်းရံလာလေ။
'စာချုပ်ဘယ်မှာလဲ´
'မသိဘူး´
ဒါ.......ဒါက..... ဂျူမြောင်ရှင်းအသံ!
အားလုံးက ပျောက်ဆုံးနေသည်လား.....တကယ်သေဆုံးသွားခြင်းလား ဆိုပြီး ပူပြင်းတရှ သိချင်နေကြသော အဖြေက အခုသူ့ရှေ့မှာ မျက်ဝါးထင်ထင်တွေ့နေရလေပြီ။
သူ့အတွေးတွေမှန်နေသည်လား........
အရင်နေ့က သတင်းကြားပြီးသည့်နောက် စိတ်ထဲမှာပေါ်လာသော သံသယများက အခုတော့မှန်နေခဲ့လေသည်။
ထယ်ယောင်း၏ လေးထောင့်ကျကျမျက်နှာဟာတည်တင်းနေပြီး လက်ညိုးနှင့်လက်ခလယ်ကြားတွင် စီးခရက်ကို ညှပ်ထားကာ သူ့၏ဘေးနှစ်ဖက်ရှိ အမဲရောင်အနောက်တိုင်းဝတ်စုံဝတ်ထားသည့် လူနှစ်ယောက်ကိုအမိန့်ပေးလိုက်သည်။
'သူမဖြေမချင်းရိုက် အသက်မသေရင်ရပြီ´
မမြင်မတွေ့ရတာကြာပြီဖြစ်သော အေးစက်ခက်ထန်သော စရိုက်က ပြန်လည်မွေးဖွားလာလေပြီ။
မျက်နှာတစ်ချက်ပျက်မသွားသော ထယ်ယောင်းပုံစံက နတ်ဆိုးတစ်ကောင်အလား အခန်းတွင်းအရှိန်အဝါကိုလွှမ်းမိုးထားနိုင်သည်။
'ရပြီ´
ထယ်ယောင်း စီးကရတ်ခဲထားရာမှ သူ့လူများကိုအမိန့်ပေးလိုက်သည်။
ဂျူမြောင်ရှင်းရဲ့ မျက်နှာသာမကခန္ဓာကိုယ်တစ်ခုလုံးရိုက်နှက်ထားသည့်ဒဏ်ရာများဖြင့် အညိုအမဲစွဲနေသည်။
'မင်းငါ့ကိုဘယ်လောက်မေးမေး အဖြေထွက်လာမှာမဟုတ်ဘူး....
ငါ့ကိုနှိပ်စက်လေ....ကြိုက်သလောက်ရိုက်....ကြိုက်သလောက်ထိုး....အဲ့စာချုပ်ကို အရူးအမူးလိုချင်နေတာလား....ဟမ်...
လူတွေအားလုံးကအတူတူပဲ......
မင်းရော......သူတို့ရော.....
ဟား....ဟား....ဟားးးးးး´
YOU ARE READING
🍀Clover🍀
FanfictionClover အိမ်ယာဝန်းထဲမှာနေထိုင်ကြတဲ့ လူဇိုးလေးနှစ်ယောက်အကြောင်း.... #crdphotos