'ထတော့၊ရေတံခွန် သွားကြည့်မယ်´
'ဟင့်အင်း.......မသွားတော့ဘူး.....အိပ်ချင်သေးတယ်´
မနက်စောစောရေတံခွန်သွားရန်ပြောနေသောထယ်ယောင်းရဲ့စကားကိုလျစ်လျှူရှုကာ စောင်ထဲသို့ထိုးဝင်ကာ ဆက်အိပ်ရန်ပြင်လိုက်သည်။
'သေချာလား.....မသွားဘူးဆိုတာ.....ကိုယ်တော့အပိုအလုပ်တွေလုပ်နေမိပြီထင်တယ်
ဟိုရောက်ရင် ဓာတ်ပုံရိုက်ဖို့အတွက် phoneကိုယူလာမယ်လို့တွေးထားတာ....နောက်ပြီး နှစ်ယောက်ထဲ သောင်ပြင်မှာ အချိုမုန့်တည်းပြီးအပန်းဖြေမယ်ဆိုပြီး လုပ်ထားတာ...ဘယ်တတ်နိုင်မလဲ.....တစ်ယောက်သောသူကမလိုက်ဘူးဆိုတော့...ဆိုဟီးကိုပဲခေါ်သွား....´'ဘယ်သူကမလိုက်ဘူးပြောလို့လဲ´
ဆိုဟီးဆိုတဲ့နာမည်ပြောလိုက်တော့ စောင်ပုံထဲက ဆံပင်ဆုတ်ဖွာဖွာလေးနဲ့နှုတ်ခမ်းကိုဆူပုတ်ပုတ်လေးလုပ်ကာ အတင်းထလာသော အနှီလူသားလေးကြောင့်ထယ်ယောင်းပြုံးမိသည်။
ဘယ်လိုလူသားလေးလဲ ဆူပုတ်နေတာလေးက ကြောင်ပေါက်လေးလို အသဲကိုလက်သဲလေးတွေနဲ့ကုတ်ခြစ်နေသလိုပဲ......
ချစ်စရာလေးကွာ.....ရှုပ်ပွနေသောခေါင်းလုံးလုံးလေးကို ခပ်ဖွဖွလေးသွားပုတ်တော့ နဂါးမျက်စောင်းလေးကိုဒိုင်းကနဲကြရောက်လာသည်။
'မင်း...အကြီးကိုမရိုမသေနဲ့....´
'ဟမ်....´
ထယ်ယောင်းကြောင်အမ်းအမ်းဖြစ်သွားကာ လက်အောက်မှရှောင်ထွက်သွားသော ခေါင်းလုံးလုံးလေးရှိရာဘက်သို့ စိုက်ကြည့်လိုက်သည်။
'အရင်ကဆိုခင်ဗျားလို့ပြောနေကြပါ.....နှစ်လလေးပဲကြီးတာနဲ့ အခေါ်အဝေါ်တွေကအစ ပြောင်းသွားတာလား...ကြက်ပေါက်လေး....´
'အရင်ကမသိလို့ အခုသိသွားပြီလေ...
မင်းငါ့ကို 'ကိုကို´လို့ခေါ်...´
'လူလယ်လေး...ကိုကိုလို့အခေါ်ခံချင်ရင် ကိုယ့်ထက်အရပ်ပိုရှည်အောင်ကြိုးစားလိုက်အုံး´
အရပ်ထိ ဓားကြည့်တဲ့...
ဘာမှတ်နေလဲ...လက်ထဲမှခေါင်းအုံးကို ထယ်ယောင်းဆီပစ်ပေါက်လိုက်သည်။
YOU ARE READING
🍀Clover🍀
FanficClover အိမ်ယာဝန်းထဲမှာနေထိုင်ကြတဲ့ လူဇိုးလေးနှစ်ယောက်အကြောင်း.... #crdphotos