Changiမြို့ကိုပြန်ရောက်ကတည်းက ထယ်ယောင်းကို သိပ်မတွေ့ရပေ။
အခုတော့ မျက်နှာချင်းဆိုင် ပြတင်းတံခါးလေးကို အမြဲလိုလိုဖွင့်ထားတတ်နေပြီ။
ထယ်ယောင်းကလည်း သူတိုက်ခန်းမှာရှိနေရင်ပြတင်းတံခါးကိုဖွင့်ထားတတ်ပြီး အပြင်သွားမည်ဆိုကာမှ တံခါးလာပိတ်လေ့ရှိသည်။
တစ်ခါတစ်ရံ အပြင်သွားဖို့ပြင်နေတဲ့ သူ့ကိုလှမ်းမြင်နေရပြီး တစ်ခါတစ်လေတော့လည်း ဖုန်းပြောနေတဲ့ ရုပ်ပုံလွှာလေးကိုငေးကြည့်နေမိတယ်။
အကြည့်ချင်းဆုံခိုက် ပြုံးပြလာတဲ့အပြုံးလေးတွေကအစ ကြည်နူးနေမိတယ်။
ဒါကအချစ်ကြောင့်ဖြစ်တည်လာတဲ့ အကျိုးဆက်လေးတွေများလား.......
ဒီနှစ်ရက်အတွင်း ကျွန်တော်ကတော့ တိုက်ခန်းထဲမှာပဲ အိပ်လိုက်စားလိုက်နဲ့ အချိန်ဖြုန်းနေမိသည်။
သြော်.......ပြတင်းပေါက်ကတစ်ဆင့် သူ့ကိုငေးကြည့်တာကလည်းမပါမဖြစ်ပေါ့!ကျွန်တော်သတိထားမိတယ်.......ဒီရက်အတွင်းမှာ ထယ်ယောင်းက မနက်ကနေ အပြင်ထွက်သွားပြီး မိုးချုပ်ချိန်မှပြန်လာတတ်တယ်။
ကျွန်တော့်ရဲ့တစ်နေ့တာ လုပ်ငန်းစဥ်က မနက်ခင်း ပြတင်းဘေးမှာ ကွန်ပျူတာတစ်လုံးနဲ့ ဟိုနှိပ်ဒီနှိပ် နှိပ်ကာ အပြင်သွားရန် ပြတင်းပေါက်ကိုလာပိတ်သော ထယ်ယောင်းကိုစောင့်နေခြင်းဖြစ်တယ်။
သူကကျွန်တော့်ဘက်လှည့်ပြီး နှုတ်ခမ်းသားလေးတွေကိုစည်းချက်ကျကျပြုံးပြကာ ပြတင်းပေါက်ကိုပိတ်သွားပေလိမ့်မည်။
ဒီလိုနဲ့ကျွန်တော်တစ်နေ့လုံး ပိတ်ထားတဲ့ပြတင်းပေါက်ကြီးကို အထီးကျန်စွာငေးကြည့်နေရတော့သည်။
ည ၈ နာရီဝန်းကျင်လောက်ရောက်တဲ့အခါ သူ့အခန်းထဲက မီးအလင်းရောင်လေး ဖြာကျလာလိမ့်မည်။သဘောက သူပြန်ရောက်ပြီပေါ့။
ထို့နောက်စေ့စေ့ပိတ်ထားတဲ့ ပြတင်းပေါက်လေးက နောက်တစ်ကြိမ်လှစ်ဟာလာသည်။
အဲဒီအချိန်မှာတော့ ကျွန်တော်က စာအုပ်တစ်အုပ်ကိုကိုင်ကာ တည်ကြည်သူတစ်ဦးကဲ့သို့ အသွင်ဆောင်တော့သည်။အမှန်ဆို ကျွန်တော်ကိုင်ထားတဲ့ စာအုပ်ကို မဖတ်တတ်။အင်္ဂစာတွေဖြစ်နေတာကို။
YOU ARE READING
🍀Clover🍀
FanfictionClover အိမ်ယာဝန်းထဲမှာနေထိုင်ကြတဲ့ လူဇိုးလေးနှစ်ယောက်အကြောင်း.... #crdphotos