'အဖွား....
သူ့ကို ရွာဆေးခန်းကိုခေါ်သွားလိုက်ရမလား'အခုချိန်ထိ လှုပ်ရှားမှုမရှိသော ဂျီမင်းကြောင့် ရင်ထဲထူပူလာသည်။
ခဏအကြာ နာရီမှ တစ်ချက်ထိုးသံ တတီတီတတောင်တောင် အသံလေးကပျံ့လွှင့်လာသည်။ဘေးဘက်ခြံဝန်းများမှ ကြက်တွန်သံများကလည်း ထွက်ပေါ်လာချေပြီ။
'အင်း...အခုချိန်ထိနိုးမလာသေးဘူးဆိုတော့ ဆေးခန်းပဲသွားလိုက်ကြတာပေါ့၊အဖွားလည်း လိုက်ခဲ့မယ်၊ဆေးခန်းက ရွာတောင်ပိုင်းမှာဆိုတော့အတော်ဝေးသကွဲ့'
'ရတယ်အဖွား၊ သား ဘာသာသွားလိုက်မယ်၊အဖွားက အိမ်မှာပဲနေခဲ့ပါ၊အပြင်ဘက်က တအားအေးတယ်၊လေစိမ်းတွေလည်း တိုက်နေတာ၊အဖွား ဖျားသွားမှာ သားစိတ်ပူတယ်'
ပါးစပ်ကလည်းတတွတ်တွတ်ပြောရင်း လက်နှစ်ဖက်နှင့်အဖွားကို သိမ်းကြုံးဖတ်ထားလိုက်သည်။
အဖွားက ကျွန်တော့်လက်နှစ်ဖက်အပေါ် သူ့လက်များဖြင့်ဆုပ်ကိုင်ကာ
'ဖွားမြေးလေး စကားတွေဘယ်ကသင်လာတာလဲ ဟမ်....ပြောစမ်းပ့အုံး...၊သား...သားနဲ့ ချွဲနေလ်ိုက်တာ မသိရင် လျှားစောင်းလက်ပတ် အခွံခွာထားသလိုနဲ့'
'သားကို 'စ'မနေနဲ့ အဖွား၊သားကလူကြီးဖြစ်နေပြီ'
'ဟုတ်ပါပြီလူကြီးလေးရယ်.....ဟုတ်ပါပြီတော်'
•
•
•
'လမ်းကိုဂရုစိုက်သွားအုံး၊မီးအိမ်ကိုလည်းယူသွားအုံး''ဟုတ်ကဲ့ပါ...အဖွားရဲ့'
ဂျီမင်းကိုကျောပိုးကာ ရွာတောင်ပိုင်းရှိဆေးခန်းသို့ ခပ်သွက်သွက်လျှောက်လာလိုက်သည်။အဖွားအိမ်ကရွာမြောက်ပိုင်းဖြစ်တာကြောင့် ဆေးခန်းနှင့်အတော်အလှမ်းဝေးလှသည်။
ညတစ်နာရီဆိုတဲ့အချိန်ဟာလူအများအိမ်မောကျချိန်ဖြစ်တာကြောင့် လမ်းဘေးအိမ်များကတိတ်ဆိတ်လျှက် တခါတစ်ရံ ထထဟောင်သော ခွေးသံများကိုပါကြားရသည်။
'ယွန်ဆိုဟီး...ဆိုဟီး........
တံခါးဖွင့်ပေးပ့အုံး၊လူနာသတိမေ့နေလို့ပါ'ခြံအပြင်မှသစ်သားတံခါးပေါက်လေးကို လက်ဖြင့်ပုတ်ကာ အော်ခေါ်လိုက်ရသည်။
YOU ARE READING
🍀Clover🍀
FanfictionClover အိမ်ယာဝန်းထဲမှာနေထိုင်ကြတဲ့ လူဇိုးလေးနှစ်ယောက်အကြောင်း.... #crdphotos